မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကနေ ၁၇ ရက်အထိ ၁၂ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာတွေမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူတွေ အကူအညီတွေ လိုအပ်နေတယ်လို့ စလင်းပကဖ က ဆိုပါတယ်။

ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့လည်း နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးဖို့ စလင်း ပကဖ က မေတ္တာရပ်ခံထားပါတယ်။

စလင်း ပကဖ တာဝန်ခံတွေနဲ့ ရဲဘော်တွေကလည်း စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေ သောက်ရေ၊ သုံးရေ အခက်အခဲဖြစ်နေတဲ့အတွက် သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

မီးဘေးသင့် ပြည်သူတွေကို စလင်း ပကဖ ရဲ့ Telegram link ကို ဆက်သွယ်ကာ လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

http://t.me/pkpsalin

https://t.me/pkpsalinM4

0 Shares:
You May Also Like
Read More

စလင်းမြို့အနီး မြို့နယ် ပကဖ က စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။
Read More

တပ်မ (၂၂) မှ စစ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

ဆားလင်းကြီး၊ ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် “Yawland Operation” စစ်ဆင်ရေးအတွင်း ပျူစောထီးစခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၄၂ ဦး သေဆုံး

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ ပြန်လည်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၉ တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။