ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကို လေလံကြမ်းခင်းဈေးလျှော့ဖို့ ဦးအောင်ဆန်းဦးရဲ့ အဆိုကို ကန့်ကွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က  တရားရုံးကို လျှောက်လဲချက်တင်သွင်းခဲ့ပါတယ်။

သုံးကြိမ်တိုင် လေလံဆွဲခဲ့ရာ လေလံဆွဲ ဝယ်ယူမယ့်သူမရှိတဲ့ သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို  ဦးအောင်ဆန်းဦးက လေလံကြမ်းခင်းစျေးထပ်မံလျှော့ချဖို့ တင်ပြလာမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လျှောက်လဲ ချက်တင်သွင်းလိုက်တာပါ။

ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံရဲ့  လေလံကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၇၅ သန်းကို လျှော့ချဖို့ ကမာရွတ်ခရိုင် တရားရုံးမှာ ဦးအောင်ဆန်းဦးက တင်သွင်းလိုက်တာပါ။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီ ၅ ရက်က ခြံအမှတ် ၅၄ ကို ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ်လေလံတင်ခဲ့ပြီး လေလံဆွဲမယ့်သူ မရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ဒီနေ့ မတ် ၂၀ ရက်မှာ တရားရုံးကို ကန့်ကွက်ကြောင်း လျှောက်လဲချက်တင်သွင်းခဲ့တာဖြစ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေ လာခဲ့ဖူးတဲ့ သမိုင်းဝင်ခြံအမှတ် ၅၄ ကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထားစဉ် ဦးအောင်ဆန်းဦးရဲ့ တောင်းဆိုမှုကြောင့် အပြီးသတ် ထုခွဲရောင်းချလေလံတင်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ ခြံထဲက နှစ်ထပ်တိုက်ပါဝင်တဲ့ အနောက်ဘက်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ရယူဖို့နဲ့ တစ်ထပ်တိုက်ပါဝင်တဲ့ အရှေ့ဘက်ခြမ်းကို သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ဘက်ကရယူဖို့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ကျေနပ်မှုမရှိတဲ့အတွက် နေအိမ်ကို ရောင်းချပြီး ရရှိငွေကို တစ်ဝက်စီခွဲဝေဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ထပ်မံလျှောက်ထား တောင်းဆိုခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအလွန်မှာ သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေဖြစ်နေဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော 

စစ်ကောင်စီက ၎င်းတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ပြီးစီးပါက သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေ ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ဇွန်လအတွင်း မင်းကွန်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အယောက် ၅၀ ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။