စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရဟတ်ယာဥ်နဲ့ တပ်ချိန်းဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ရဟတ်ယာဥ် ဆင်းသက်ချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ် ၄၅ ၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၁၉ ရက် ညနေပိုင်းမှာ မုံရွာမြို့ရှိ အနောက်ပိုင်းစစ်ဌာနချုပ်ကနေ လာတဲ့ အင်အား ၂၀ ခန့်ပါ MI-17 ရဟတ်ယာဥ်က ကနီမြို့မှာ တပ်ချိန်းဖို့ ဘောလုံးကွင်းအတွင်း ဆင်းသက်ချိန် KLG PDF ဒရုန်းအဖွဲ့က Fixed Wings ဒရုန်း ၂ စီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

KLG PDF ဒရုန်းအဖွဲ့ရဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ကနီမြို့ရှိ စစ်ကောင်စီတပ်က ဗိုလ်မှူးနဲ့ ဒရုန်းကျွမ်းကျင် အရာရှိတွေကို ရဟတ်ယာဥ်ပေါ် မတင်ဆောင်နိုင်ဘဲ ပြန်လည်ထွက်ခွါတယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးသီးတွေ ပေါက်ကွဲမှုကြောင့် လေကာကင်းစောင့်တွေ ထိခိုက်မှုရှိပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး တပ်တွင်းသတင်းအရ နမခတိုင်းမှူးဟာ အခြေခံပညာအထက်တန်းကျောင်းသားဘဝက ကနီမြို့ အထက မှာ ပညာသင်ယူခဲ့ဖူးတာကြောင့် အခုလို တိုက်ခိုက်ခံရတာကို ဒေါသူပုန်ထနေတယ်လို့ KLG PDF က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၂၂) က တပ်ရင်းရှိ ရဲဘော်တွေအနေနဲ့ စည်းကမ်းရှိ​တဲ့ ရဲ​ဘော်တွေ၊ အမိန့်နာခံမှုရှိ​တဲ့ ရဲ​ဘော်တွေ ၊ ပြည်သူတွေ အားထားရ​တဲ့ ​ရဲ​ဘော်တွေ ဖြစ်​စေဖို့ တစ်လတာ မွမ်းမံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

ပခုက္ကူနယ်ထဲ စစ်တပ်က မီးဝင်ရှို့နေလို့ ဒေသခံ ရာနဲ့ချီ တိမ်းရှောင်နေရပြီး ရာသီဥတုအအေးဒဏ်ကြောင့် ဒုက္ခများနေကြ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရေလာလေးစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အနီးအနား ကျေးရွာတွေဆီ စစ်ကြောင်းဝင်မီးရှို့တာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ခင်ဦးမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေ ၄ သန်းကျော်အထိ ရှိလာပြီး အရေအတွက်က နေ့စဉ်မြင့်တက်နေ

စစ်အာဏာသိမ်းထားတဲ့  ၄နှစ်တာ နီးပါးကာလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေက  ၄သန်းကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက်က နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ Blood Money က ထုတ်ပြန်ပါတယ်။