အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာ မိုးကုတ်မြို့နယ် ပကဖ တာဝန်ခံက သင်တန်းဆင်းရဲဘော်တွေကို အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့တော်လှန်ရေးအလံတော်ကိုင်ကာ သစ္စာဆိုခြင်းနဲ့ အရေးကြီးပြီ သီချင်း သံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်တို့က သင်တန်းသား ရာချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်လက်ဝေခံပါတီများ မွန်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မှုအပေါ် မွန်ပြည်သူများက လက်သင့်ခံကြိုဆိုမည် မဟုတ်

အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ်လ ၈ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လာပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်တွင် စစ်ကောင်စီ၏ အစိုးရရုံးနှင့် ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး စိုးရိမ်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနဲ့ ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၂ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Saw Dragon Drone Force-SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၆ လတာအတွင်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ၆ ဆ နီးပါးမြင့်တက်လာ

ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။