အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာ မိုးကုတ်မြို့နယ် ပကဖ တာဝန်ခံက သင်တန်းဆင်းရဲဘော်တွေကို အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့တော်လှန်ရေးအလံတော်ကိုင်ကာ သစ္စာဆိုခြင်းနဲ့ အရေးကြီးပြီ သီချင်း သံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်တို့က သင်တန်းသား ရာချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အပစ်မရပ်ခင် နောက်ဆုံးလတွင် TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၉ ဦး သေဆုံး၊ ၇၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၇၉ လုံး အပါအဝင် များစွာ ပျက်စီးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်ကောင်စီက နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေ

"အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။" လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တောင်ဒဂုံက စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ဘုန်းကြီးရဲ့ညီဖြစ်သူ တိမ်းရှောင်နေလို့ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွား…

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Urban Task Force Aung Ban – UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Urban Task Force Aung Ban - UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။