ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်က အောင်ပန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြို့နေလူထုအလွှာအသီးသီး၊ လူတန်းစားပေါင်းစုံ၊ ဘာသာဝင်ပေါင်းစုံတို့ကို စစ်ကောင်စီက လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့မှုအတွင်း ကျဆုံးခဲ့ရတဲ့အာဇာနည်တွေရဲ့ (၄) နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားဟာ နွေဦးတော်လှန်ရေးအစပိုင်းကစလို့ နိုင်ငံတဝန်းရှိ အသက်ခန္ဓာနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွတ်ပြီး လွတ်လပ်တရားမျှတတဲ့ ဒီမိုကရေစီအရေးတွက် ယုံကြည်ချက်နဲ့ ကြိုးပမ်းခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုတဲ့အခမ်းအနားဖြစ်တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ရှမ်းတောင်အထူးတပ်ဖွဲ့ဝင်တွေနဲ့အတူ အောင်ပန်းမြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တွေ၊ အထူးလှုပ်ရှားတပ်က တပ်ဖွဲ့ဝင်တွေ၊ SSLRU က တပ်ဖွဲ့ဝင်တွေ၊ KNSA Scorpion စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက တာဝန်ရှိသူ ဦးအောင်သိန်း၊ GRSTက တာဝန်ခံနဲ့ သင်တန်းနည်းပြ ကိုတောခိုကြီး၊ ပြည်သူ့ကာကွယ်ရေးထောက်ပို့ (မြန်မာနိုင်ငံ)တာဝန်ခံ ကိုသားသခင်နဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအောက်မေ့ဖွယ်အခမ်းအနားမှာ ကျဆုံးအာဇာနည်ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလံတစ်ဝက်လွှင့်တင်အလေးပြုခဲ့သလို ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက်လည်း အောက်မေ့ဖွယ် အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့နယ်ရှိ ပညာရေးကျောင်းများတွင် ပကဖ မှ လေကြောင်းအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ပညာရေးကျောင်းတွေမှာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံ ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအန္တရာယ် အသိပညာပေး သရုပ်ပြသင်တန်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

အမျိုးသမီး လစဉ်သုံးပစ္စည်းထဲ စစ်ကောင်စီကို ILO အရေးယူရေး သတင်းစကားထည့်ကာ အလုပ်သမားထုကို ဖြန့်ဝေ

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို “ILO မှ ပုဒ်မ ၃၃" နဲ့ ဘာကြောင့် အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေ ပါဝင်တဲ့သတင်းစကားတွေကို အမျိုးသမီး လစဥ်သုံးပစ္စည်းတွေမှာ ထည့်သွင်းပြီး အလုပ်သမားထုဆီ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

ပ သုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG ယာယီသမ္မတ ပြောကြား

မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။