လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ သူနဲ့ ထရမ့်နဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပို့စ်တင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “အမေရိကန်အစိုးရ ထောက်ပံ့ထားတဲ့ သတင်းကွန်ရက်တွေကစလို့ သတင်းအတုတွေကို တိုက်ဖျက်ရာမှာ ကမ္ဘာကို ဦးဆောင်နိုင်တဲ့ သတ္တိရှိတဲ့အတွက်” အမေရိကန်သမ္မတကို ချီးကျူးကြောင်း အဲဒီပို့စ်မှာ ပြောဆိုခဲ့တာပါ။ 

“ဒါဟာ သတင်းတု၊ သတင်းမှား၊ အလိမ်အညာ၊ ပုံဖျက်မှုတွေ၊ လှုံ့ဆော်မှုတွေနဲ့ ကမ္ဘာတဝှမ်း ဖရိုဖရဲဖြစ်မှုတွေကို ဖယ်ရှားပစ်ဖို့ အဓိက ပံ့ပိုးကူညီမှုတစ်ခုပဲ” လို့ သူက ရေးခဲ့ပါတယ်။ 

RFA နဲ့ VOA တို့အပါအဝင် မီဒီယာတွေကို ငွေကြေးထောက်ပံ့နေတဲ့ US Agency for Global Media ကို “သမ္မတက မလိုအပ်ဘူးလို့ဆုံးဖြတ်တဲ့ ဖက်ဒရယ်ဗျူရိုကရေစီရဲ့ အစိတ်အပိုင်းတွေ” ထဲက တစ်ခုအဖြစ် စာရင်းသွင်းထားတဲ့ သမ္မတအမိန့်တစောင်ကို ထရမ့်က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ 

ဒီလိုဖြတ်တောက်မှုတွေဟာ “အခွန်ထမ်းပြည်သူတွေကို အစွန်းရောက်ဝါဒဖြန့်ချီမှုတွေမှာ ဆွဲငင်မခံရအောင်” အာမခံစေလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ 

အစိုးရလုပ်ငန်း ထိရောက်စေရေးဌာန DOGE ရဲ့ ခေါင်းဆောင် အီလွန်မက်စ်ကလည်း အမေရိကန်ထောက်ပံ့တဲ့ မီဒီယာတွေနဲ့ပတ်သက်ပြီး “အမေရိကန်အခွန်ထမ်းတွေရဲ့ ပိုက်ဆံ တစ်နှစ် ဒေါ်လာ ၁ ဘီလီယံလောက် မီးရှို့ပြီး သူတို့ကိုယ်သူတို့ ပြောနေကြတဲ့ အစွန်းရောက်အရူးတွေသာဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်။ 

အရှေ့ဥရောပ၊ အလယ်အာရှ၊ ကော့ကေးဆပ်ဒေသနဲ့ အရှေ့အလယ်ပိုင်းတို့ကို ဝန်ဆောင်မှုပေးနေတဲ့ RFE/RL တို့အပါအဝင် မီဒီယာလုပ်ငန်းတွေကို အခုလို ပိတ်ပင်ခဲ့မှုအပေါ် ကမ္ဘောဒီးယားနိုင်ငံက အပါအဝင် သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပါတယ်။ RFA နဲ့ VOA တို့ဟာ နိုင်ငံတွင်းက အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ခမာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း နှစ်ပေါင်းများစွာ သတင်းအစီရင်ခဲ့တာ ဖြစ်ပါတယ်။ 

ဟွန်ဆန်နဲ့ သူ့ရဲ့ ဆက်ခံသူ သားအကြီးဆုံး ဟွန်မာနက်တို့ဟာ နိုင်ငံအတွင်း အတိုက်အခံပြုတဲ့ လွတ်လပ်သော သတင်းစာပညာကို ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ခဲ့တဲ့အလျောက် သူတို့ (RFA နဲ့ VOA) ရဲ့ အရေးပါမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

၁၉၉၂-၉၃ ခုနှစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်ရဲ့ ပံ့ပိုးမှုနဲ့ တည်ထောင်ခဲ့တဲ့ နိုင်ငံခြားပိုင် သတင်းစာ နှစ်ခုအနက် တစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနေ့စဉ် သတင်းစာ (Cambodia Daily) ကို ပိတ်သိမ်းဖို့  ၂၀၁၇ စက်တင်ဘာလမှာ ကမ္ဘောဒီးယားအစိုးရက ဖိအားပေးခဲ့ပါတယ်။ ဒုတိယသတင်းစာဖြစ်တဲ့ ဖနွမ်းပင်ပို့စ် (The Phnom Penh Post) ဟာလည်း ၂၀၁၈ မေလမှာ အစိုးရနဲ့အဆင်ပြေတဲ့ မလေးရှားရင်းနှီးမြှုပ်နှံသူတွေထံ အတင်းအကျပ် ရောင်းချခံခဲ့ရပါတယ်။ သူတို့ရဲ့ လစ်လပ်သွားတဲ့နေရာကို ဖြည့်ဆည်းပေးခဲ့တဲ့ VOD English ကမ္ဘောဒီးယားသတင်းစာဟာလည်း ၂၀၂၃ ဖေဖော်ဝါရီလမှာ ပိတ်သိမ်းခဲ့ရပါတယ်။ 

၂၀၁၇ စက်တင်ဘာလမှာ ဖနွမ်းပင်မှာရှိတဲ့ RFA ရဲ့ ဗျူရိုကို အတင်းအဓမ္မ ပိတ်ပစ်ခံခဲ့ရပြီး ၂၀၂၃ ဇူလိုင်လမှာတော့ ကမ္ဘာဒီးယားနိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပစ်ခံခဲ့ရတာကြောင့် ၎င်းနဲ့ VOA တို့ဟာ ဝါရှင်တန်မှာရှိတဲ့ သတင်းခန်းကနေ ကမ္ဘာဒီးယားသို့ သတင်းပေးပို့ချက်တွေ ဆက်လက်တင်ပြခဲ့ပါတယ်။

 

ဟွန်ဆန်ရဲ့ တုံ့ပြန်မှုဟာ အမေရိကန် ဒီမိုကရေစီမြှင့်တင်ရေး ကြိုးပမ်းမှုတွေကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့တဲ့ အာရှအစိုးရတွေရဲ့ ကျယ်ပြန့်တဲ့ စိတ်အားထက်သန်မှုကို ထင်ဟပ်စေပါတယ်။ 

VOA နဲ့ RFA တို့ကို ပိတ်ပစ်လိုက်တာဟာ “ဆူပူအုံကြွမှုကို မီးထိုးပေးပြီး အမျိုးသား စည်းလုံးညီညွတ်မှုကို အားနည်းစေတဲ့ နှစ်ပေါင်းများစွာသွေးခွဲနေတဲ့ ပြည်ပဝါဒဖြန့်ချီရေး” ကို အဆုံးသတ်စေလိမ့်

မယ်လို့ မြန်မာစစ်တပ် ဝါဒဖြန့်ချီရေးအကောင့်တစ်ခုရဲ့ လူမှုကွန်ရက် X မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေးသားခဲ့ပါတယ်။ ဒါ့အပြင် “သူတို့ရဲ့လွှမ်းမိုးမှုကို အဆုံးသတ်လိုက်တာက မြန်မာနိုင်ငံမှာ တည်ငြိမ်ဖို့၊ စည်းလုံးညီညွတ်ဖို့နဲ့ ပြည်တွင်းမီဒီယာတွေ အားကောင်းဖို့ လမ်းဖောက်ပေးတာပဲ” လို့လည်း သူက ဆက်ရေးထားပါတယ်။ 

ထရမ့်ရဲ့ USAID ပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး သက်ရောက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အဲဒီအကောင့်ကနေပြီး ဒီလိုပိတ်သိမ်းမှုဟာ သူတို့ရဲ့ အာဏာချုပ်ကိုင်မှုကို စိန်ခေါ်နေတဲ့ ပြည်ပရောက်မီဒီယာအဖွဲ့အစည်းတွေ၊ “ဒုက္ခသည်တွေလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ” နဲ့ “ဒီမိုကရေစီ လိုလားတယ်လို့ ပြောနေတဲ့ အကြမ်းဖက် ပုန်ကန်မှု” တွေကို အောက်ခြေကနေ ဖြိုချလိမ့်မယ်လို့ ပြောဆိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတာက အံ့ဩစရာမဟုတ်ပါဘူး။ 

တရုတ်အစိုးရနောက်ခံပြုတဲ့ Global Times သတင်းကနေ VOA ကို “လိမ်လည်လုပ်ငန်းတစ်ခု” အဖြစ် မြိန်ရေရှက်ရေ ဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်ကို ထုတ်ဝေထားတာကလည်း ဒီလို သဘောထားမျိုးက တရုတ်အထိ ပျံ့နှံ့နေတာကို တွေ့နိုင်ပါတယ်။ 

“လွတ်လပ်ရေး မီးတန်ဆောင်လို့ ပြောပြောနေတဲ့ VOA ကို အခုတော့ သူ့အစိုးရကိုယ်တိုင် ညစ်ပတ်နေတဲ့ လက်နှီးစုပ်လို လွှင့်ပစ်လိုက်ပြီ” လို့ ရေးသားထားတာပါ။ 

လက်ဝဲစွန်းဝါဒီ ထောက်ခံသူတွေအဖြစ် ရှုမြင်တဲ့ အဖွဲ့အစည်းတွေကို ဖြုတ်ချဖို့ ထရမ့်အစိုးရရဲ့ ကြိုးပမ်းမှုမှာ အဆီအငေါ်မတည့်တဲ့ နည်းလမ်းတွေဟာ ဒီလို တုံ့ပြန်မှုတွေကနေ မြင်ရနိုင်ပြီး  အမေရိကန်ကို ကမ္ဘာတဝှမ်း သူ့ရဲ့ အာဏာနဲ့ သြဇာကို ကျားကန်ပေးထားတဲ့ အဖွဲ့အစည်းတွေဆီကနေ ဆုံးရှုံးစေလျက်ရှိပါတယ်။ (တကယ့်လက်ဝဲနိုင်ငံရေးကတော့ USAID၊ VOA တို့လို မီဒီယာတွေ၊ NDI လို ဒီမိုကရေစီမြှင့်တင်ရေး အဖွဲ့တွေကို အမေရိကန်နယ်ချဲ့အာဏာရဲ့ နောက်ဆွဲတွေအဖြစ် ရှုမြင်ပြီး လက်တွေ့မှာ ဆန့်ကျင်လေ့ရှိပါတယ်။) 

ဒီအဆင့်မှာတော့ အဲဒီအဖွဲ့အစည်းတွေဟာ ဖက်ဒရယ်ရန်ပုံငွေနဲ့ ပံ့ပိုးထားပြီး ကျယ်ပြောလာတဲ့ လစ်ဘရယ် NGO ကွန်ရက်နဲ့ ဖက်ဒရယ်ဗျူရိုကရေစီ အပေါ်ဆင်နွှဲတဲ့ အုပ်ချုပ်ရေးစစ်ပွဲအတွင်း မြေစာဖြစ်ခဲ့သလား၊  ဒါမှမဟုတ် အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ကြား သြဇာလွှမ်းမိုးမှုနယ်ပယ် အခင်းအကျင်းအပေါ် အခြေခံထားတဲ့ နိုင်ငံတကာအစီအစဉ်အသစ်တစ်ခု (‌a new international order) ကို ပုံဖော်ဖို့ ကြိုးပမ်းမှုရဲ့ အကျိုးဆက် တစိတ်တပိုင်းဖြစ်မလား မရှင်းလင်းသေးပါဘူး။ 

သေချာတာတစ်ခုကတော့ အစိုးရအနေနဲ့ ဘိုင်ဒင်အစိုးရလုပ်ခဲ့သလိုမျိုး တရုတ်ကို ဖိအားပေး ထိန်းကျောင်းတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးဖို့ လိုလားတယ်ဆိုရင် တရုတ်လူ့အခွင့်အရေး ချိုးဖောက်မှုတွေ (အထူးသဖြင့် ရှင်ကျန်းဒေသက ဝီဂါတွေအပေါ် ကျူးလွန်မှုတွေ) ကိစ္စ ကျယ်ကျယ်ပြန့်ပြန့် သတင်းတင်ပြနေတဲ့ RFA နဲ့ VOA ကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာက အတော်လေးအန္တရာယ်များတဲ့ ကိစ္စဖြစ်မှာပါ။

မည်သို့ပင်ဆိုစေကာမူ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ အဖွဲ့အစည်းတွေအပေါ် ဒီလိုမျိုး တိုက်ခိုက်မှုတွေ ကြာရှည်စွာ ဆက်လက်တည်ရှိလေလေ ထရမ့်အစိုးရရဲ့ စိတ်ထဲမှာ ပိုဆိုးတဲ့ ဒုတိယမြောက် အခြေအနေတစ်ခုနဲ့ ပိုနီးစပ်တဲ့ အရာမျိုး ရှိနေနိုင်ခြေက ပိုများလေလေ ဖြစ်ပါတယ်။ 

============================================

The Diplomat မဂ္ဂဇင်း၏ အရှေ့တောင်အာရှရေးရာ အယ်ဒီတာ Sebastian Strangio ရေးသားထားသည့် “Cambodia’s Hun Sen, Myanmar Junta Celebrate Closure of US-Funded Media Outlets” ဆောင်းပါးကို ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်သည်။

0 Shares:
You May Also Like
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ပါ ရင်ဆိုင်နေရတဲ့ နွေဦးတော်လှန်ရေး

ဒီရက်ပိုင်းအတွင်း ကိုးကန့်တပ်မတော် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားပြီး မြန်မာပြည်တွင်း ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေတွေကို ဖိအားပေးသလို ကိုးကန့်တပ်တွေလည်း လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေကြပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒီသတင်းတွေနဲ့…
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။