တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို မတ်လ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။

တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ယောက်သေပြီး MA-3 သေနတ် ၁ လက် ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့နယ် နာရေးဆုတောင်းပွဲကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ တိုက်ခိုက်၊ ပြည်သူ ၂၀ ကျော် သေဆုံးပြီး (၂) လ အရွယ်ကလေးငယ် အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ရှောင်စခန်းမှာ နာရေးဆုတောင်းပွဲ ပြုလုပ်နေ ချိန် အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်တဲ့ မင်းတပ်မှာ အကနဲ့ အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ခြေမြန်တပ်ရင်း၊ ဗဟိုကင်း မင်းတပ်ရဲစခန်းနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီး စတဲ့နေရာတွေရှေ့မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အောင်ပွဲခံကခုန်နေတဲ့ ရုပ်သံဖိုင်တစ်ခုက ဒေါက်တာအငြိမ်းက ဒီဇင်ဘာ ၂၃ ရက် မနေ့ညပိုင်းက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ 
Read More

အုတ်တွင်းမှာ စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်၊ တိုက်ပွဲအတွင်း စစ်အုပ်စုအများအပြား သေပြီး ရဲဘော် ၁ ယောက်ကျဆုံးခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အင်အား ၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲထံက သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မနေ့ညပိုင်းက ရထားလိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၃၂ နဲ့ ၅၂ လမ်းထောင့်မှာ ဧပြီ ၁ ရက် မနေ့ညပိုင်းက ရထား လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။