၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်မှာ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူ စုစုပေါင်း ၂၄ ယောက်ရှိပြီး ၂၁ ယောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က ၁ ယောက်စီ၊ မွန်ပြည်နယ်၊ နေပြည်တော်နဲ့ မန္တလေးတိုင်းတို့က ၂ ယောက်စီနဲ့ မကွေးတိုင်းက ၁၂ ယောက် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလင်းဝင်လာသူတွေထဲမှာ စစ်ကိုင်းတိုင်းက ပြည်သူ့စစ် ၃ ယောက် ပါဝင်သလို အလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ယောက်အနက် ၁၈ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းအဖြစ် မကွေးတိုင်းမှာ (၁) ယောက်နဲ့ စစ်ကိုင်းတိုင်းမှာ (၂) ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီအထဲက ၁ ယောက်ဟာ စစ်မှုထမ်းတပ်သားသစ်ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်အနေနဲ့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း “သင့်ကိုယ်သင် ရှင်ကျန်ဖို့ထိုက်တန်သူအဖြစ် အခုပဲ ရွေးချယ်လိုက်ပါ။” လို့ သတင်းစကား ပါးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံး…

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်မယ့် ‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်း

စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

NUG တရားဝင် တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG ဝန်ကြီး ဒေါက်တာ တူးခေါင် ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။