မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။

မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို ထောက်ဝရွာနဲ့ အိုရင်းရွာကြား တိုက်ခိုက်ခဲ့ရာ စစ်သား ၆၉ ယောက်သေခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ညောင်ဦးဆေးရုံသို့ ပို့ဆောင်ဆေးကုသရာ ၅ ယောက်ထပ်မံသေဆုံးတာကြောင့် စုစုပေါင်း ၇၄ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်က ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရပြီး Burmese Guerrilla Force ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါ တယ်။

အဲဒီတိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ် ၊ BGF (Burmese Guerrilla Force) ၊ တောင်သာမြို့နယ် ပကဖ ၊ Scorpion People Defense Force ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နဲ့ မြင်းခြံ ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ထနောင်းဝင်းကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Three Stars People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး မြို့ကို ထိန်းချုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်ပြီးတဲ့နောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဒေါက်တိုင် စျေးဆိုင်တွေမှာ စျေးမဝယ်ကြဖို့ သတိပေးတဲ့အနေနဲ့ အသံမိုင်း ဖောက်ခွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာဝိုင်းအနီးက အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃၁ ရက်မှာ အသံမိုင်းပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ The Phoenix Army အဖွဲ့ထံက သိရပါတယ်။
Read More

အာယုတောင်ကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်၊ ပျူခေါင်းဆောင် ဒဏ်ရာရရှိပြီး ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

မြဝတီ KK Park အတွင်းရှိ အဆောက်အအုံများကို စစ်ကော်မရှင် ဖောက်ခွဲဖျက်ဆီးထားမှု မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ တည်ရှိရာ KK Park အတွင်း အဆောက်အအုံ ၁၄၈ လုံးရှိတဲ့အနက် ၁၀၁ လုံးကို ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။