မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အန်တိုနီယို ဂူတာရက်စ်ကို မြန်မာ့အရေးလှုပ်ရှားတဲ့ နယ်ပယ်စုံ အဖွဲ့အစည်းတွေက မတ်လ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျူလီဘစ်ရှော့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သတ္တုလုပ်ငန်းတွေ၊ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂျူလီဘစ်ရှော့ရဲ့ အဲဒီ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခတွေ ရှိနိုင်တာကြောင့် ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်ဆိုပြီး Justice For Myanmar (JFM) က မတ်လ ၉ ရက်နေ့က တောင်းဆိုလိုက်ပြီးတဲ့နောက် အရပ်ဘက်အဖွဲ့တွေကလည်း အခုလို ထပ်မံဆောင်းဆိုလာတာ ဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး ဂျူလီဘစ်ရှော့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရပ်တန့်ကာ  မြန်မာ့အရေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်ရိုက်ကိုင်တွယ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ Energy Transition Minerals (ETM) ကုမ္ပဏီအပါအဝင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ အကျိုးစီးပွါးရှိနေပြီး ETM ကုမ္ပဏီက သူ့ကို မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့တယ်လို့ Justice For Myanmar အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

ဂျူလီဘစ်ရှော့အနေနဲ့  တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေမှုဟာ  တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့  လိုအပ်တဲ့   မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်မှာ ရှိရမယ့် သမာသမတ်ကျမှုနဲ့ လွတ်လပ်အမှီအခိုကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်နိုင်ငံဟာ  တရားမဝင်မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို  ဆက်တိုက်လုပ်ဆောင်ပေးနေတဲ့  ထိပ်တန်းအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ရပ်တွေမှာ အကျိုးစီးပွားဆိုင်ရာပဋိပက္ခ ရှိနိုင်ပြီး  မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။  

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို တရုတ်အစိုးရက အားပေးကူညီနေကြောင်းကို အထောက်အထားတွေအရ အားလုံး သိရှိထားပြီး ဖြစ်ပါတယ်။ 

ဒါ့ကြောင့် ဂျူလီဘစ်ရှော့အနေနဲ့ အခုလို သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ပါဝင်ပတ်သက်တာ၊ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေတာတွေဟာ သူမရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းလိုက်နာမှုနဲ့ တာဝန်ကိုအောင်မြင်စွာ ထမ်းဆောင်နိုင်မှုတွေအပေါ် စိုးရိမ်းဖွယ်ရာ အခြေအနေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေအပေါ် အန္တရာယ်ဖြစ်စေမယ့် အကျိုးစီးပွားတွေရှိနေတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့တာဝန် ဆက်လက်ပေးအပ်ထားမှုဟာ ပြန်လည်သုံးသပ်စဉ်းစားရမယ့် ကိစ္စဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများ ဆန္ဒပြ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ" အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

Mytel ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်း အသီးသီးမှာ လည်ပတ်နေတာတွေကို ဖြုတ်ချပေးဖို့ Burma Campaign UK က တောင်းဆို

မြန်မာစစ်တပ်ပိုင် Mytel  ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်းအသီးသီးက လည်ပတ်နေတဲ့ ချန်နယ်တွေကို ဖြုတ်ချပေးဖို့ Burma Campaign UK အမေရိကန်နည်းပညာ ကုမ္ပဏီတွေကို  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ ဂျပန်စစ်လေယာဉ် ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရဲတပ်ကြပ် တစ်ဦးကို ပစ်ခတ်ပြီး ထွက်ပြေးနေသူကို ရှာပေးရန် KNU ထံ ထိုင်းရဲတပ်ဖွဲ့ အကူညီတောင်းခဲ့

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်-အုန်းဖန်လမ်း၊ မဲကုတိုက်နယ်မှာ ထိုင်းရဲတပ်ကြပ် တစ်ဦးကို သေနတ်နဲ့ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားတဲ့ မြန်မာတစ်ဦးကိုရှာဖွေပေးဖို့ ကရင်အမျိုးသားအစည်းအရုံး ( KNU ) ဆီ ထိုင်းရဲတပ်ဖွဲ့က အကူညီတောင်းခဲ့တယ်လို့ KNU က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။