ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ARSA ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ပို့ဆောင်ပြီး တရားဥပဒေအရ အရေးယူဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယင်ဂါ (Narayanganj) မြို့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ARSA အဖွဲ့ဟာ  ရိုဟင်ဂျာဒုက္ခသည်တွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ကာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာ တရားစီရင်မှုနဲ့ အရေးယူဖို့ Fortify Rights အဖွဲ့က တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ နယ်ခြားစောင့် ရဲစခန်း ၃၀ ကို တပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သူတို့ရဲ့နိုင်ငံထဲမှာ အကြမ်းဖက်လုပ်ရပ်တွေ စီစဉ်နေတယ်လို့ သံသယရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အာတာအူလ္လာဟ်အပါအဝင် ARSA အဖွဲ့ဝင် ၇ ယောက်ကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေနဲ့ တရားမဝင် ဝင်ရောက်မှုဆိုင်ရာ အမှုနှစ်ခုနဲ့ တရားစွဲဆိုထားပြီး ကျန်တဲ့အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် ၁ ယောက်ကိုတော့ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိပေမယ့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲကြား မြန်မာနိုင်ငံသားများ ဘေးကင်းလုံခြုံရေး အကြံပြုချက် NUG ထုတ်ပြန်

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကနေ ပစ်ခတ်မှုတွေအထိ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုတွေကြား နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပြုလိုက်နာရမယ့် အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အသိပေးထုတ်ပြန်ပါတယ်။ 
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။