အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။

တနင်္လာနေ့ညပိုင်းက Siddhirganj မြို့၊ Bhumi Palli လူနေဧရိယာမှာ လျှို့ဝှက်အစည်းအဝေးတက်ရောက်နေစဉ် ဘင်္ဂလားဒေ့ရှ် မှုခင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (RAB) က သံသယရှိသူတွေကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သူတို့ထဲက ၆ ယောက်ဟာ Siddhirganj မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ကျန်တဲ့ ၄ ယောက်ကတော့ Mymensingh မှာ ဖမ်းဆီးခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ သူတို့ကို Siddhirganj ရဲစခန်းဆီ လွှဲပြောင်းခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ARSA ခေါင်းဆောင်ဖြစ်သူ အာတာအူလာ (Ataullah) အပြင် အသက် ၁၅ နှစ်ကနေ ၆၆ နှစ်အတွင်း နောက်ထပ် ၉ ယောက် ပါဝင်ကြောင်း သိရပါတယ်။

ARSA ခေါင်းဆောင်အပါအဝင် ဖမ်းဆီးမိသူများ (ဓာတ်ပုံ Bangla Tribune)

သံသယရှိသူတွေထဲက တစ်ယောက်ဟာ Bhumi Palli ဧရိယာမှာ နေထိုင်သူဖြစ်ပြီး ကော့ဘဇာက Ukhiya ရိုဟင်ဂျာဒုက္ခသည် စခန်းမှာ နေထိုင်သူ ၃ ယောက်လည်း ပါဝင်နေပါတယ်။

ARSA ဟာ အာရက္ခတပ် (AA) ရဲ့ ရခိုင်ဒေသအတွင်း ထိုးစစ်ဆင်မှုတွေမှာ စစ်ကောင်စီမဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်နေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ၂၀၂၄ မေလ ၁၇ ရက် ဘူးသီးတောင်တိုက်ပွဲအတွင်း AA ကဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီဗိုလ်မှူး လှိုင်ဝင်းထွန်းက စစ်ကောင်စီဟာ AA ကို ခုခံဖို့ ARSA နဲ့ ပူးပေါင်းခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက်နေသူတွေ အပါအဝင် ရိုဟင်ဂျာလူငယ် အများအပြားကို အတင်းအကျပ် စစ်မှုထမ်းစေခဲ့ကြောင်း The Diplomat နဲ့ ဩဂုတ်လက အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကို ဖမ်းလိုက်တာဟာ မအလ နဲ့ တသိုက်ကို ICC ပို့ဖို့ ပိုမို သေချာစေခဲ့တာ ဖြစ်သလို AA နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြားက ဆက်ဆံရေး အတိုင်းအတာကိုလည်း ဖော်ပြနေပါတယ်။ စစ်အုပ်စုက သူ့အကျိုးအတွက် ရိုဟင်ဂျာတွေကို လိုသလို အသုံးချနေတာ ရပ်သွားစေမယ့် အလွန်အရေးပါတဲ့ ကြိုးပမ်းအားထုတ်မှုတခု ဖြစ်သလို၊ ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရ ခေါင်းဆောင် ပါမောက္ခယူနွတ်စ် ကြိုးစားနေတဲ့ ရိုဟင်ဂျာအရေး ပြေလည်စေဖို့ ကြိုးပမ်းနေမှုမှာ အရေးပါတဲ့ ခြေလှမ်းတရပ်လို့ မြင်မိပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောထားပါတယ်။

ARSA ခေါင်းဆောင်အပါအဝင် ဖမ်းဆီးမိသူများ (ဓာတ်ပုံ Bangla Tribune)

RAB-11 ကွပ်ကဲရေးမှူးက အဲဒီဖမ်းဆီးမှုကို အတည်ပြုခဲ့ပြီး အာတာအူလာအပါအဝင် ၆ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မှောင်ခိုဝင်ရောက်မှု၊ အကြမ်းဖက်လုပ်ရပ်တွေထဲ ပါဝင်မှုတို့နဲ့ ဖမ်းဆီးထားကြောင်း ပြောဆိုပါတယ်။

အင်္ဂါနေ့ နေ့လယ်ပိုင်းမှာတော့ သူတို့ကို တရားရုံးရှေ့ ပို့ဆောင်ပြီး တရားသူကြီးအနေနဲ့ သူတို့ကို စစ်ဆေးမေးမြန်းဖို့ တောင်းဆိုချက်တွေကို ပြန်လည်စစ်ဆေးပြီးနောက် ၆ ယောက်စလုံးကို အမှုတစ်ခု ၅ ရက်နှုန်းနဲ့ ရမန် ၁၀ ရက်ပေးခဲ့တယ်လို့ တရားရုံးစစ်ဆေးရေးမှူး Kaiyum Khan က ဆိုပါတယ်။

ကျန်ရှိတဲ့ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၁ ယောက်ကိုလည်း ဖမ်းဆီးထားပြီး အဆိုပါပုဒ်မတွေနဲ့ဖမ်း အကျဉ်းထောင်ကို ပို့ဆောင်ထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အာတာအူလာ ဟာ ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် Muhibullah ကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့သလို ဘန်ဒါဘန်နယ်စပ် က မူးယစ်ဆေးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးတစ်ခုက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ် အရာရှိ Squadron Leader Rizwan Rushdi ရဲ့ သေဆုံးမှုမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း သိရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ARSA ခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်မှုအပေါ် ကြိုဆိုလိုက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ပို့ဆောင်အရေးယူပေးဖို့ တိုက်တွန်းထားပါတယ်။

ARSA ခေါင်းဆောင်အပါအဝင် ဖမ်းဆီးမိသူများ (ဓာတ်ပုံ Bangla Tribune)

ကိုးကား – 10 arrested including Arsa leader Ataullah, seven placed on 10-day remand

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

EU က မြန်မာကို ယူရို ၃၃သန်းကျော် ထောက်ပံ့ကူညီမယ်

မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် စီရင်နေမှုတွေ ရပ်တန့်ဖို့ NUCC က နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် အရေးယူနေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှာ သေဒဏ်ကျ အကျဉ်းသားများကို ပြစ်ဒဏ်စီရင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် NUCC က တောင်းဆိုတိုက်တွန်းလိုက်တာပါ။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။