ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် ဒဏ်ရာရပြီး နေအိမ် (၃) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်း မတ်လ (၁၅) ရက် နေ့လယ်ပိုင်းအချိန်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာက သက်တူးကုန်းကျေးရွာထဲ ပေါင်(၃၀၀) ဗုံးသီး(၂)လုံးနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာနေ အသက် (၅၀) အရွယ်အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁)လုံး နဲ့ ကျေးရွာစာသင်ကျောင်းပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ (၁၄) ရက် မွန်းလွဲပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ (၃)လုံးပစ်ခတ်ရာ ကညင်ကျွန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ် (၂) လုံး ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတာကြောင့် ညောင်လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အရပ်သား ပြည်သူတွေဟာ အသက်ရှင်သန်ရေးအတွက် စိုးရိမ်ကြောက်ရွံ့ မှုများစွာနဲ့ ရုန်းကန်နေထိုင် နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပန်ဝါကို KIA က သိမ်းပိုက်လိုက်တာကြောင့် လိုင်ဇာအနီးကို စစ်ကောင်စီက ပြန်လည်ဗုံးကြဲတိုက်ခိုက်

ပန်၀ါဒေသကို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်လို့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးကို စစ်ကောင်စီက လေကြောင်းကနေပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။