ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။

ကယန်းပြည်သစ်နယ်မြေအတွင်း အလောင်းတွေ့ရှိခဲ့ရတဲ့ ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို ရဲ့ ဖြစ်စဥ်အပေါ် ကယန်းပြည်သစ်တပ်မတော်၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူး သိန်းဟန်နဲ့ အမှတ် ၆ တပ်မမှူး ဗိုလ်မှူးဖိုးခွားတို့အနေနဲ့ ကရင်ဖြူရဲဘော်တွေအတွက် တရားမျှတမှုရအောင် လုပ်ဆောင်ပေးရမယ်ဆိုပြီး မတ်လ ၁၉ရက် ဒီနေ့မှာ KNDF B29 တပ်ခွဲ (၁)၊ ကရင်ဖြူရဲဘော်တွေက ဗီဒီယိုဖိုင်တစ်ခုနဲ့ အသိပေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“ကိုစိုင်းကို အစည်းအဝေးလုပ်မယ်ဆိုပြီး ခေါ်သွားတယ်။ ဟိုရောက်တော့ သေနတ်အပ်ခိုင်းပြီး ထိုးကြိတ်တယ်။ နောက်ဆုံး ညှင်းပန်းသတ်ပစ်တယ်ပေါ့။ အဲ့ဒီလိုဖြစ်ခဲ့တာကို လက်မခံနိုင်လို့ တရားမျှတမှုအတွက် တောင်းဆိုတာပါ။ ကိုစိုင်းကို ထိုးကြိတ်သတ်ဖြတ်ခဲ့တဲ့ ဖိုးခွါးနဲ့ ကယန်းပြည်သစ်တပ်သားတွေကို အမြန်ဆုံးအရေးယူပေးဖို့နဲ့ အမိန့်ပေးခိုင်းစေသူတွေကို တာ၀န်ယူပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ KNDF B29 တပ်ခွဲ (၁)၊ ကရင်ဖြူရဲဘော်၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ တာဝန်ယူရင်း ကရင်ဖြူရေးရာ စာပေနဲ့ ယဥ်ကျေးမှုတွေကို လုပ်ဆောင်နေတဲ့ ရဲဘော်ကိုစိုင်းကို အခုလိုညှင်းပန်းသတ်ဖြတ်မှုဟာ ကရင်ဖြူလူမျိုးတွေအတွက် အများကြီး ထိခိုက်နစ်နာစေတယ်လို့လည်း KNDF -B 29 ကရင်ဖြူရဲဘော်တွေက ပြောပါတယ်။

ကရင်ဖြူမျိုးနွယ်စုဥက္ကဋ္ဌ ကိုဝင်းလှိုင်ကို(ခ)ကိုစိုင်းအတွက်တရားမျှတမှုရရှိစေရန်
ကျွန်ုပ်တို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၂၉) တပ်ခွဲ(၁)ရှိ ကရင်ဖြူရဲဘော်များ၏တောင်းဆို (ဓာတ်ပုံ Karenni Nationalities Defence Force-B29)

ပျဥ်းမနား၊ အဝေရာဆည်အရှေ့ဘက်၊ မရမ်းတောင်ရွာဇာတိဖြစ်သူ ကိုစိုင်းဟာ ၂၀၁၂ ခုနှစ်ကတည်းက ကရင်ရေးရာအပါအဝင် ကရင်ဖြူရေးရာ ရိုးရာ၀တ်စုံနဲ့ စာပေတွေအကြောင်းကို  နှစ်စဥ် ကရင်အမျိုးသားနေ့ ရောက်တိုင်း ကျေးရွာ​အလှည့်လိုက် ပွဲအခမ်းအနားတွေ ပြုလုပ်ပေးခဲ့သလို ကရင်ဖြူ မျိုးနွယ်အမှတ်အသားတွေကို လူငယ်တွေနဲ့ တစ်စိုက်မက်မက် ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့်သာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းခါစ စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလာတဲ့ CDM ဝန်ထမ်းတွေကိုလည်း ထောက်ပံ့ကူညီပေးခဲ့သလို နေပြည်တော် PDF အဖွဲ့တည်ထောင်ရာမှာလည်းပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဥ်းမနားစစ်ကြောင်းမှူးရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ရဲ့ ကျန်ရှိတဲ့ရုပ်အလောင်းကို မတ်လ ၁၃ရက်နေ့မှာ ကယန်းပြည်သစ် စိုးမိုးနယ်မြေတစ်ခုအတွင်း ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့အတူ တွေ့ရှိခဲ့ရပြီးနောက် အဲ့ဒီနေ့မှာပဲ သ​ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်အပေါ် နေပြည်တော် တိုင်းစစ်ဌာနဘက်ကပြီးခဲ့တဲ့မတ်လ  ၁၃ရက်နေ့မှာ ကယန်းပြည်သစ် တပ်မတော်ဆီ လိပ်မူပြီး ဖြေရှင်းပေးဖို့ ရက်အကန့်အသတ်နဲ့ စာထုတ်အသိပေးခဲ့ပေမယ့် သတ်မှတ်ရက် ကျော်လွန်လာချိန်အထိ နှစ်ဖက်စလုံးက ဘာမှထပ်မံ ထုတ်ပြန်မလာသေးပါဘူး။

ညှင်းပန်းသတ်ဖြတ်ခံရသည့် နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း
ပြန်လည်ရရှိခဲ့သည့် ညှင်းပန်းသတ်ဖြတ်ခံရသည့် နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း၏ ရုပ်အလောင်း
0 Shares:
You May Also Like
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှ ပေါင်းတလည်သို့ လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို တိုက်ခိုက်ရာ ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရဲစခန်းက‌နေ ပေါင်းတလည်မြို့ဘက်ကို လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။