ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာဟ်အပါအဝင် ၁၁ ယောက်ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မတ်လ ၁၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။ 

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက ARSA ခေါင်းဆောင်ရဲ့ သတင်းရပြီးတဲ့နောက် Narayanganj ခရိုင်၊ Siddhirganj မြို့နယ်မှာ အာတာအူလ္လာဟ်အပါအဝင် ARSA အဖွဲ့ဝင် ၁၀ ယောက်ကို ဘင်္ဂလားဒေ့ရှ် တာကာ ၂၁ သိန်း၊ ဓားတစ်ချောင်း၊ သံကြိုးတစ်ချောင်း၊ လက်ပတ်နာရီ ၄ လုံးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ နယ်ခြားစောင့် ရဲစခန်း ၃၀ ကို တစ်ပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သူတို့ရဲ့နိုင်ငံထဲမှာ အကြမ်းဖက်လုပ်ရပ်တွေ စီစဉ်နေတယ်လို့ သံသယရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အာတာအူလ္လာဟ်အပါအဝင် ARSA အဖွဲ့ဝင် ၇ ယောက်ကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေနဲ့ တရားမဝင် ဝင်ရောက်မှုဆိုင်ရာ အမှုနှစ်ခုနဲ့ တရားစွဲဆိုထားပြီး ကျန်တဲ့အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် ၁ ယောက်ကိုတော့ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိပေမယ့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။