မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေကို ကူညီပံ့ပိုးတာ၊ သတင်းထောက်ပို့လုပ်တာတွေကို ပြင်းထန်စွာအရေးယူနေတာကြောင့် အဆိုပါအမှားမျိုး ပြုလုပ်ခဲ့ဖူးရင် မြို့နယ် ပကဖ ဆီ တောင်းပန်အသနားခံနိုင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်‌ရေး ယန္တရားတွေမှာ အဓိကပါဝင်နေတဲ့ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကနေ ချက်ချင်းနှုတ်ထွက်ဖို့လည်း မြို့နယ် ပကဖ က သတိပေးထားပါတယ်။

စေတုတ္တရာမြို့နယ် ပကဖ၏ ထုတ်ပြန်ချက်

အကြမ်းဖက်စစ်မှုထမ်းဥပဒေနဲ့ ပြည်သူတွေကို စစ်မှုထမ်းခိုင်းတာ၊ ပြည်သူ့စစ်ဖွဲ့တာ၊ ပျူစောထီးဖွဲ့တာတွေကို လုံးဝမလုပ်‌ဆောင်ဖို့နဲ့ မလိုက်နာရင် ပြင်းထန်စွာ အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပကဖ ထံက သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ စခန်း၊ ယာဥ်တန်း ၊ စစ်သားတွေ အနီး မသွားဖို့နဲ့ မနက် ၅ နာရီက ည  ၇ နာရီ အထိသာ လမ်းခရီးသွားလာဖို့အတွက်လည်း စေတုတ္တရာမြို့နယ် ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။