စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၁၉ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၇) ယောက်နဲ့ အမျိုးသား (၂၃) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေထဲက (၃၈) ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ညပိုင်းက ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို ၂ ယောက်၊ လသားကလေးငယ်နဲ့ အမျိုးသား ၁ ယောက် စုစုပေါင်း ၄ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က​နေ ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း (၆၄၁၂) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

AAPP ၏ ထုတ်ပြန်ချက်
AAPP ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  
Read More

ပခုက္ကူခရိုင် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်က ပခုက္ကူခရိုင်အတွင်းရှိ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ပျက်စီးပြီး အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။