ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်က အောင်ပန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြို့နေလူထုအလွှာအသီးသီး၊ လူတန်းစားပေါင်းစုံ၊ ဘာသာဝင်ပေါင်းစုံတို့ကို စစ်ကောင်စီက လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့မှုအတွင်း ကျဆုံးခဲ့ရတဲ့အာဇာနည်တွေရဲ့ (၄) နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားဟာ နွေဦးတော်လှန်ရေးအစပိုင်းကစလို့ နိုင်ငံတဝန်းရှိ အသက်ခန္ဓာနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွတ်ပြီး လွတ်လပ်တရားမျှတတဲ့ ဒီမိုကရေစီအရေးတွက် ယုံကြည်ချက်နဲ့ ကြိုးပမ်းခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုတဲ့အခမ်းအနားဖြစ်တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ရှမ်းတောင်အထူးတပ်ဖွဲ့ဝင်တွေနဲ့အတူ အောင်ပန်းမြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တွေ၊ အထူးလှုပ်ရှားတပ်က တပ်ဖွဲ့ဝင်တွေ၊ SSLRU က တပ်ဖွဲ့ဝင်တွေ၊ KNSA Scorpion စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက တာဝန်ရှိသူ ဦးအောင်သိန်း၊ GRSTက တာဝန်ခံနဲ့ သင်တန်းနည်းပြ ကိုတောခိုကြီး၊ ပြည်သူ့ကာကွယ်ရေးထောက်ပို့ (မြန်မာနိုင်ငံ)တာဝန်ခံ ကိုသားသခင်နဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအောက်မေ့ဖွယ်အခမ်းအနားမှာ ကျဆုံးအာဇာနည်ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလံတစ်ဝက်လွှင့်တင်အလေးပြုခဲ့သလို ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက်လည်း အောက်မေ့ဖွယ် အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းမှ စစ်သား ၄ ဦး အလင်းဝင်နိုင်ရန် Yenanthar Column သွားရောက်ခေါ်ထုတ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ စစ်မှုထမ်းတပ်သား ၄ ယောက် လက်နက်နဲ့ ထွက်ပြေးအလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ စစ်အုပ်စုဝင် ၂၀ ဦးခန့်သေဆုံး သတိလစ်နေသည့်ရဲဘော်ကို ကယ်ထုတ်သော PDF ရဲဘော်မိုးသီး တိုက်ပွဲအတွင်းကျဆုံးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ရင်းများ ထိတွေ့တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ရာ၊ စစ်အုပ်စုဝင် ၂၀ ခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း နှစ်ဖက်ပစ်ခတ်မှုပြင်းထန်နေချိန်အတွင်း သတိလစ်မေ့မျောနေတဲ့ ရဲဘော်ကို သွားရောက်ကယ်ထုတ်တဲ့ ရဲဘော်မိုးသီး ဗိုက်ကိုကျည်ထိမှန်ခဲ့ပြီး၊ ရရှိတဲ့ဒဏ်ရာနဲ့ ၂ရက်အကြာမှာ ကျဆုံးခဲ့ရတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိနာကာ ပြန်ဆုတ်သွား

"ကနဦး သူတို့က ရွှေဘိုလေ့ကျင်ရေးကနေ ကန့်ဘလူ ၆၀၀၆ကို ရောက်တယ်၊ အဲ့ကနေမှ ဇီးကုန်းနဲ့ ကာဘိုးအထိုင်ကိုရောက်ပြီး ကျနော်တို့ဘက်ကို ထိုးတယ်ပေါ့။ ရေဦးဘက်ကနေလည်း စစ်ကြောင်းထွက်တယ်။ အဲ့မှာတနယ်ဘက်ကို ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ Local တွေစုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်" လို့ အဆိုပါ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတော့ဘူးလို့ မင်းအောင်လှိုင် ပြော

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောင့် ပြည်သူတွေဟာ လုံခြုံမှုနဲ့ တည်ငြိမ်မှု လုံး၀မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

စစ်သင်္ဘောများ သွားလာဖို့ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။