နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှု ရှိနေစေဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

နိုင်ငံကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်တွေကို နိုင်ငံနဲ့ပြည်သူအကျိုး ရှေးရှုပြီး ရပ်တန့်ပေးကြဖို့ မင်းအောင်လှိုင်က  (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

မိမိတို့နိုင်ငံရဲ့ အခြေအနေဟာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားနဲ့ ကြိုးစားကာကွယ်နေရတဲ့အတွက် တည်ငြိမ်အေးချမ်းမှု အားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလှမ်းဝေးနေဆဲ ဖြစ်နေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်ခေါင်းဆောင်က နယ်မြေဒေသအသီးသီးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေရဲ့ တိုက်ခိုက်မှုကြောင့် အခြေခံအဆောက်အအုံတွေ၊ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးကာ ပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ မင်းအောင်လှိုင်က တပြန်ကြီး စွပ်စွဲပြစ်တင်ပါတယ်။

မြေပြင်မှာတော့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေ့စဉ်အရပ်သားပြည်သူတွေဟာ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေရတာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာအတွင်း ပြောကြားထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံရဲ့ သုံးပုံတစ်ပုံကိုပင် စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိတော့ချိန်မှာ တိုက်ပွဲတွေရပ်တန့်ဖို့ မင်းအောင်လှိုင်ဘက်က ပြောကြားလာတာလည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့ နေရာအများစုကို လက်လွှတ်ဆုံးရှုံးထားရချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအရ ဆွေးနွေးမယ်လို့ မင်းအောင်လှိုင်က မကြာခဏပြောဆိုလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

ပေါက်တွင် ပျူရွာကို လာသည့် စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ ၈ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာအင်အား ၂၀၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား​တွေ ထိခိုက်သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စစ်သုံး ဖိနပ် တပ်ဆင် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေရဲ့ စစ်၀တ်တန်ဆာအခြေခံဖြစ်တဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် တပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုလက်ထက် ထိန်းမနိုင်အောင် တက်လာသည့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အဆမတန် ကြီးမြှင့်လာမှုနဲ့အတူ ပြည်သူလူထုက အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုန်ဈေးနှုန်းတွေ ထိုက်သင့်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။