အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာတော့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက သက်ဆိုင်ရာ နယ်မြေအလိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ လက်တလော ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရမယ့် နည်းလမ်းတွေကို အကြံပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း NUG အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တရားကို အောက်မှာ ဖော်ပြထားတဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေကနေ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

Email address – complaint@molmyanmar.org

Facebook – တိုင်ကြားရေးယန္တရား – အလုပ်သမားဝန်ကြီးဌာန 

 ထိုင်းနိုင်ငံ                     မလေးရှားနိုင်ငံ

+66 953950769            +60 11-1675 4215

+66 969801346            +60 1162167739

+66 969801067            +60 109660273

0 Shares:
You May Also Like
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

အင်တာနက်အဖြတ်ခံရသည့် မြဝတီမှ ကျားဖြန့်များ စတားလင့်ခ်ကို အဓိကအသုံးပြုလာ

ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။  
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။