ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို မနေ့က မတ် ၁၈ရက်နေ့မှာပေးပို့လိုက်တာပါ။

ဒေါက်တာစင်သီယာမောင်ဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်က ကျင်းပခဲ့တဲ့ နရီစူဝမ်တက္ကသိုလ်ရဲ့ ၂၀၂၃ ပညာသင်နှစ် ဘွဲ့နှင်းသဘင်မှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (အာဆီယံလေ့လာမှု) ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂုဏ်ထူးဆောင်လက်မှတ်နှင့်အတူ တွေ့ရသည့် ဒေါက်တာ စင်သီယာမောင် (ဓာတ်ပုံ Mae Tao Clinic)

ဒေါက်တာစင်သီယာမောင် က မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှာ စတင်ပြီး မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာကိစ္စတွေမှာ နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီနေတဲ့ လူမှုရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

ချင်းပြည်နယ်က စစ်ကောင်စီရဲ့ အောင်တိုတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားက  နောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်း အမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အောင်လံတွင် ရွေးကောက်ပွဲအတု ပြုလုပ်ချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။