ရန်ကုန်မှာ ကျပ်ဘီလီယံတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်မှာ AA ပါဝင်ပတ်သက်မှုရှိနေကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့််မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 

ရန်ကုန်မြို့ကတစ်ဆင့် မလေးရှားနိုင်ငံအထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းတစ်ခုဆီကနေ ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မတ်သ်အဖက်တမင်း) သုံးတန်ကျော်နဲ့ ကတ်တမင်း နှစ်ရာ ကီလိုဂရမ် ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက မတ်လ ၁၉ ရက်နေ့မှာ ဖော်ပြကြပါတယ်။ 

မူးယစ်ဆေးဝါးတွေဟာ မလေးရှားပင်လယ်ရေပြင်ကို ပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပြီး စီမံခန့်ခွဲသူမှာ အာရက္ခတပ်တော် AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့် တို့ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ သယ်ယူပြီး ရန်ကုန်မြို့ကတစ်ဆင့် မလေးရှားနိုင်ငံအထိ ဖြန့်ဖြူးရောင်းချနေသူတွေထဲမှာ ပါဝင်ပတ်သက်သူ ၁၄ ယောက်အထိ ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။

AA ရဲ့ စီးပွါးရေးတာဝန်ခံလို့ ပြောတဲ့ ကိုရဲဝင်းနဲ့ မသီတာမြင့်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် သူတို့ကို ဖမ်းဆီးထားခြင်းရှိမရှိကိုတော့ မဖော်ပြထားပါဘူး။

စစ်ကောင်စီ ထုတ်ပြန်ထားသလို အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ အာရက္ခတပ်တော် AA က ပါဝင်ပတ်သက်ခြင်း ရှိမရှိကို AA ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက လေတပ်စခန်းတွေမှာ ဂါလံသိန်းနဲ့ချီတဲ့ ဆီသိုလှောင်ကန်တွေတည်ဆောက်နေပြီး ရေလမ်းခရီးတွေကပါ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေ

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို အသာစီးရဖို့ လေတပ်စခန်းတွေမှာ လေယာဉ်ဆီဂါလံ သိန်းနဲ့ချီဆန့်တဲ့ ဆီသိုလှောင်ကန်တွေကို တည်ဆောက်နေပြီး ရေလမ်းခရီးတွေကနေ စစ်လက်နက်၊ ရိက္ခာတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းပြင်ဆင်နေတယ်လို့ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးတွေက ပြောပါတယ်။စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို အသာစီးရဖို့ လေတပ်စခန်းတွေမှာ လေယာဉ်ဆီဂါလံ သိန်းနဲ့ချီဆန့်တဲ့ ဆီသိုလှောင်ကန်တွေကို တည်ဆောက်နေပြီး ရေလမ်းခရီးတွေကနေ စစ်လက်နက်၊ ရိက္ခာတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းပြင်ဆင်နေတယ်လို့ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးတွေက ပြောပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်နှင့် KNDF နေ့စဥ် တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာနေပြည်သူများ လုံခြုံရေးသတိရှိကြရန် KNDF အသိပေး

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ နယ်မြေခံတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။