ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၃၇ နှစ်ကျော်လာပြီဖြစ်တဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး၊ ၂၀၀၈ ခြေဥ ​ဩဇာအာဏာသက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်လည်း ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ CNF က ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူတွေ ဆုံးရှုံးခဲ့ရတဲ့ လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်လည်း နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေ ပံ့ပိုးကူညီပေးဖို့ CNF က တိုက်တွန်းထားပါတယ်။

ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းသား ၇၂ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း CNF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီက ပြည်သူ ၁ ယောက်ကို ရှင်းလင်းကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း လမ်းတလျှောက် ကျေးရွာများကို ခိုးယူလုယက်ကာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲ၏ တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့ပေါ် အင်အားအလုံးအရင်းသုံး ဝင်ရောက်ခဲ့သည့် စစ်အုပ်စုများ အထိနာပြီး ပြန်ဆုတ်ခွာအောင် ဒေသကာကွယ်ရေးတပ်များ တိုက်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အထိအခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားအောင်ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြိုင်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။