မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၄ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ယောက်၊ စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၄ ယောက် စုစုပေါင်း ၆ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၆ ရက်ကလည်း မြစ်သာဆည်ပေါ် တပ်စွဲထားရာကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ခဲ့ရာ MA -11 အမျိုးအစား သေနတ် ၁ လက်နဲ့ ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖနှင့် ပေါက်/ မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးမိတ်ခရိုင် ပ.က.ဖ က မြို့နယ်အတွင်းရှိ ကျေးရွာဘောလုံးကွင်းကို ပြုပြင်ထိန်းသိန်းပေး (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ကျေးရွာတစ်ရွာရဲ့ ဘောလုံးကွင်းကို မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ ) ရဲ့ ရဲဘော်တွေက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကျေးလက်နေ လူငယ်တွေ ဘောလုံးကစားနိုင်အောင် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မိုးမိတ်ခရိုင် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုပြီး ပြည်တွင်းပြည်ပ ၅၀၅ (က) များကို အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်

မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ၅ ဦးကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့တဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။