မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခရမ်းပျူစခန်းနဲ့ မြစ်သာဆည်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ မြစ်သာဆည်ရှိ စခန်းမှူးအပါအဝင် စစ်သားနဲ့ ပျူ ၆ ယောက်သေဆုံးခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

မတ်လ ၄ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်ရှိ မြောက်ခရမ်းပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါ တယ်။

အဲဒီနောက် ဂန့်ဂေါမြို့နယ် မြစ်သာဆည်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတွေကို မတ်လ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ယောက်၊ အကြမ်းဖက်စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၄ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၆ ရက်မှာ ဂန့်ဂေါမြို့နယ် မြစ်သာဆည်က ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ရာ သူတို့ဆီကနေ MA-11 ၁ လက်နဲ့ ကျည်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖ၊ ပေါက်/မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရှိ စက်သုံးဆီဆိုင်နဲ့ စားသောက်ဆိုင်ကို လူစည်ကားနေ ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ခိုက်ရေးရဲဘော်များအတွက် ကာကွယ်ရေးပစ္စည်း တပ်ဆင်ပေးနိုင်ရန် ပဲခူးခရိုင်တပ်ရင်း ၂ ဖိတ်ခေါ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးပျူစခန်း၊ ပန်းရံပျူစခန်း၊ မင်္ဂလာပျူစခန်းနဲ့ ဇီးကုန်းပျူစခန်းတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile  အဖွဲ့ကနေ သိရပါတယ်။