ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ(အသေခံ) ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။

KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့ နေအိမ်အနီး မတ်လ ၁၈ ရက် ဒီနေ့ မနက်အစောပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်း ၃ စီး ကျရောက်ပေါက်ကွဲခဲ့ရာ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

မတ်လ ၁၄ ရက်က KNU တပ်မဟာ ၇ နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပူးလူးတူစခန်းကို KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ပြီးနောက် ၄ ရက်အကြာမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ KNU ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ နယ်မြေကို ဦးတည်တိုက်ခိုက်လာတာ​ဖြစ်ပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းဟာ KNU ဗဟိုဌာနချုပ်နဲ့ ရှမ်းရွာသစ်မြို့အနီးတဝိုက်က KNU စခန်းတွေကို ဒရုန်းနဲ့ မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်က KNU တပ်မဟာ (၇) နယ်မြေရှိ KNU တပ်စခန်းတွေကို ဒရုန်းတွေ သုံးပြီး ကင်းထောက်တာ ၊ ဗုံးသီးချ တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကောင်စီကားတန်း မုံရွာ မအူဂိတ်အနီးတိုက်ခိုက်ခံရ၊ စစ်ကောင်စီ အရာရှိအပါ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့မှာ ဗုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ၏ ဗိုက်ထဲက ကလေးပါ သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မုဒိန်းမှုများ ကျူးလွန်ထားသူ မြဝတီက ရက်ကွက်အုပ်ချုပ်ရေးမှူးကို ကရင်ပြည်နယ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်

မုဒိန်းမှုတွေ ကျူးလွန်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ စိုင်းမျိုးညွှန့်ဦးကို စစ်ကော်မရှင်ရဲ့ ကရင်ပြည်နယ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်လိုက်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်နေ့အခမ်းအနားမှာ စစ်ကော်မရှင် လက်အောက်ခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းမျိုးညွန့်ဦး ကို အခြား အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွှေတင်၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စည်လှိုင်(ခ) စိန်ထွန်းတို့နဲ့အတူ အဆိုပါ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြင့်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။