ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ(အသေခံ) ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။

KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့ နေအိမ်အနီး မတ်လ ၁၈ ရက် ဒီနေ့ မနက်အစောပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်း ၃ စီး ကျရောက်ပေါက်ကွဲခဲ့ရာ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

မတ်လ ၁၄ ရက်က KNU တပ်မဟာ ၇ နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပူးလူးတူစခန်းကို KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ပြီးနောက် ၄ ရက်အကြာမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ KNU ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ နယ်မြေကို ဦးတည်တိုက်ခိုက်လာတာ​ဖြစ်ပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းဟာ KNU ဗဟိုဌာနချုပ်နဲ့ ရှမ်းရွာသစ်မြို့အနီးတဝိုက်က KNU စခန်းတွေကို ဒရုန်းနဲ့ မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်က KNU တပ်မဟာ (၇) နယ်မြေရှိ KNU တပ်စခန်းတွေကို ဒရုန်းတွေ သုံးပြီး ကင်းထောက်တာ ၊ ဗုံးသီးချ တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားရာ စစ်သား ၁ ယောက် သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၄) ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးကာ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ထုတ်ပြန်ထားပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

စစ်သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်တပ် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ…

အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်သင်ကြားပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်မှုထမ်းတပ်သားစုဆောင်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသလို လိုသလောက် စစ်အင်အားအရေအတွက်ကိုလည်း ရရှိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လလောက်ကစလို့ အကြမ်းဖက်စစ်အုပ်စုဟာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မုံရွာ၊ စလင်း စတဲ့ မြို့နယ်တွေမှာပါ စစ်မှုထမ်းအင်အားကို ခပ်စိတ်စိတ် ဖြည့်တင်းလာနေခဲ့ပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။