ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ ညောက်ကျိုးတိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၁ယောက် ထွက်ပြေးလွတ်မြောက်လာပြီးနောက် ပဲခူးအနောက်ခြမ်း အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုထံ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ သိရပါတယ်။ 

ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်သား နန်းလင်းသူဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်အုပ်စု၊ ရေပြန်စိန်ရိုးကြီးရွာမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူ ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ နန်းလင်းသူဟာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ အမှတ် (၄) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၆) သင်တန်းကို တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ 

“ပေါ်တာပါသွားပြီးတော့ ပဲခူးအရှေ့ခြမ်း နတ်သံကွင်းဘက် ပြန်ပြီးတာဝန်ကျတဲ့အချိန် သူ့ဘက်က  ဆက်သွယ်လာတာပါ။ သူ့ကို အရင်ကတည်းက သိပါတယ်။ တပ်ဖွဲ့က ရဲဘော်တချို့နဲ့ ငယ်သူငယ်ချင်းတွေပါ” လို့ မြေအောင်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကပစ-၅၉၇ တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေရတဲ့ နန်းလင်းသူဟာ အခုတစ်ကြိမ် အပါအဝင် စစ်ကောင်စီတပ်ထဲကနေ ၃ကြိမ်တိုင်တိုင် ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်အစပ်က ညောင်ကျိုးတိုက်ပွဲကနေ ထွက်ပြေးကာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံကို လက်နက်မဲ့ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

နန်းလင်းသူ အနေနဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်အဖြစ် စစ်ကောင်စီတပ်တွေကို  ပြန်လည် တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။ 

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာရင် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက် ကပစ (၂၄) မှ အကြမ်းဖက်စစ်ကြောင်း ပခုက္ကူဘက် ပြန်ထွက်လာလို့ လမ်းတလျှောက် ကျေးရွာများ ပြန်လည်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

အာဇာနည်ဗိမာန်မှ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက် အကြမ်းဖက် မင်းအောင်လှိုင် ပထမဆုံးအကြိမ် တက်ရောက်…

ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက်ပိုင်စ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။