အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုအသိအမှတ်ပြုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။

ဦးကျော်ဇောက  “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၆/၂၀၂၅” မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။

“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကနေဒါနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ရဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူမှုကြေညာချက်များကို ကြိုဆို အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။” လို့ ဦးကျော်ဇောက ဆိုပါတယ်။

ကနေဒါနိုင်ငံက အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့  ဝန်ကြီးနဲ့ ဒုဝန်ကြီး ၁၃ ယောက်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ် နဲ့ တပ်မ ၃၃ တို့ကို မတ် ၈ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာပါ။

ဆွစ်ဇာလန်နိုင်ငံကလည်း မတ် ၁၁ ရက်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

အခုလိုပိတ်ဆို့အရေးမှုတွေအပြင် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို လောင်စာဆီ၊ ငွေကြေး၊ စစ်လက်နက်၊ နည်းပညာအကူအညီ ပေးတာတွေ ရပ်ဆိုင်းဖို့ ထပ်မံတောင်းဆိုတယ်လို့လည်း ဦးကျော်ဇောက ဆိုပါတယ်။

“စစ်ကောင်စီထံ လောင်စာဆီ နှင့် ငွေကြေးပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းကာ လက်နက်၊ ပစ္စည်းနှင့် နည်းပညာ အကူအညီများ လွှဲပြောင်းပေးခြင်းကိုလည်း ရပ်ဆိုင်းရန် အမျိုးသားညီညွတ်ရေးအစိုးရက ထပ်မံတောင်းဆိုလိုပါတယ်” လို့ ဦးကျော်ဇောက ပြောပါတယ်။

စစ်ရာဇတ်ဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲဲ့ အာဏာသိမ်းစစ်တပ်ကို စစ်လက်နက်နဲ့ လောင်စာဆီတွေ ပံ့ပိုးနေတဲ့ နိုင်ငံတွေကို ကန့်ကွက်သလို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ ကုလအပါအဝင် နိုင်ငံတကာကို အရပ်ဖက်အဖွဲ့အစည်းတွေက ဆက်တိုက်တောင်းဆိုလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့ ဆေးရုံကို အကြမ်းဖက်စစ်‌တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်…

ဩဂုတ်လ (၁၁)ရက်၊ ည (၈)နာရီ (၂၁)မိနစ်မှာ ကလေးမြို့နယ်မြောက်ပိုင်းရှိ "People's Healthcare Network (Kalay)" ရဲ့ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) - PHN (Kalay)"ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင် စစ်တပ် စက်တပ်လေထီး ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၄ရက် မနေ့ နေ့လယ် ၃နာရီကျော်လောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စက်တပ်လေထီး ၃စီးဟာ ငုတ်တိုရွာနဲ့ ကံစုရွာတွေထဲကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကံစုရွာက ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
Read More

လူငယ်ထုကို ချနင်းကာ အာဏာတည်ဆောက်နေသည့် စစ်အုပ်စုကို တော်လှန်ဖို့အတွက် NUG နှင့် NUCC ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် GSCB အကြံပြု

တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုပြီး လူငယ် ၇၀၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က အကြံပြုတိုက်တွန်းထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း ရိက္ခာနှင့် စစ်ကူ ပို့သည့် စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။