စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၁၇ ရက် မနေ့က နေ့လည်ပိုင်းမှာ ၀က်လက်မြို့နယ်အနောက်ခြမ်းရှိ ကျောက်ကုန်းကျေးရွာကို အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ ပျူစောထီးစခန်းက စစ်သားနဲ့ ပျူစောထီးတွေဟာ တိုက်ပွဲမဖြစ်ပွားဘဲ မီးရှို့ဖျက်ဆီးရာ လူနေအိမ် ၄၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာမှာနေထိုင်တဲ့ ရွာသားတွေက မီးတွေ ပြန်လည် ငြှိမ်းသတ်ချိန်မှာလည်း လက်နက်ငယ်တွေနဲ့ လှမ်းပစ်ခတ်တာ၊ ဆဲဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖ က ဆိုပါတယ်။

“သူတိို့ ရွာက ( သလဲဘာပျူရွာ ) အမြင့်ကဆိုတော့ မီးငြှိမ်းတာ မြင်ရတာပေါ့၊ ကိုယ့်အိမ်ကိုယ် မီးငြှိမ်းတော့လည်း သေနတ်နဲ့ပစ်တယ်၊ ရွာသားတွေက ရှေ့တိုးမငြိမ်းရဲတော့ မီးဘေးသင့် အိမ်ခြေပိုများတာပေါ့ “လို့ နေအိမ် မီးရှို့ခံရသူ ကိုနေလင်း( အမည်ပြောင်း) က ပြောပြကြောင်း ဝက်လက် ပကဖ က ဆိုပါတယ်။

ကျေးရွာလုံခြုံရေးခေါင်းဆောင် (Local PDF  ) ဗိုလ်ချူပ်ကလည်း ” စခ ပခ တွေက စားနပ်ရိက္ခာနည်းနေတော့ ကျူပ်တို့ရွာကို ရိက္ခာလာလုချင်တဲ့သဘောပေါ့ ၊ အခုဟာက ကိုင်းပင်တွေ မြင့်နေတော့ ကင်းသမားတွေမမြင်ရာက လာရှို့တာ အိမ်တွေ မီးငြိမ်းနေတုန်းကို ပစ်သေးတယ်၊ သလဲဘာ ပျူရွာမရှိရင်တော့ လုပ်ကိုင်စားသောက်ရတာ လွယ်တာပေါ့၊ တချိန်ချိန်တော့ အပြုတ်တိုက်မှာပါ ” လို့ ပြောကြားထားပါသေးတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဒေသခံ ၂၀၀ကျော် အတွက် ယာယီတဲတွေ ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ ဝက်လက် ပကဖက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းက စစ်ရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

“ကျနော်တို့လည်း ဆန်၊ ဆီ၊ ဟင်းချက်စရာပေါ့နော် စသဖြင့် ကူညီနိုင်သလောက် ကူညီထားပေမယ့် ရက်ရှည်ဖြစ်နေတော့ ကူညီစရာက မလောင်ငှတော့ဘူး။ သူတို့ဟာ သူတို့ တတ်နိုင်သလောက် ရုန်းကန် ချက်ပြုတ်စားသောက်နေကြရတယ်။ စစ်ရှောင်နေရတာက ရက်ပေါင်း ၄၀ ရှိနေပြီလေ။” လို့ People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ ရက် ထပ်တိုး၊ ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။