မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၄ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ယောက်၊ စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၄ ယောက် စုစုပေါင်း ၆ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၆ ရက်ကလည်း မြစ်သာဆည်ပေါ် တပ်စွဲထားရာကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ခဲ့ရာ MA -11 အမျိုးအစား သေနတ် ၁ လက်နဲ့ ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖနှင့် ပေါက်/ မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

စစ်မှုထမ်းအဖြစ် ရောင်းစားခံရသူ ၁ဦး ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းထံ လက်နက်နှင့် အလင်းဝင်၊ ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်ခိုလှုံသူ ၃၅ ဦးအထိ ရှိလာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက် လက်နက်ခဲယမ်းတွေယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် နှစ်ဝက်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသူ ၃၅ ယောက်အထိ ရှိပြီဖြစ်ကြောင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာ

နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

ကျုံဒုံး ထိတွေ့တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

ကျိုက်ထိုနှင့် ဘီလင်းမြို့နယ်သို့ စစ်ကောင်စီ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ်နဲ့ ကုန်စုံဆိုင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။