ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းဖောက်ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၅ ရက်မှာ ပြောပါတယ်။

ဂူတာရက်စ်ရဲ့ ၄ ရက်တာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ သောကြာနေ့က ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

“ရိုဟင်ဂျာတွေ ပြန်လာဖို့ အခြေအနေတစ်ခု ဖန်တီးနိုင်ဖို့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မှန်ကန်တဲ့ အခြေအနေတွေအောက် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှု လမ်းကြောင်းတစ်ခု ရှိမယ်ဆိုရင် ရိုဟင်ဂျာအသိုက်အဝန်းရဲ့ နေရပ်ပြန်ရေးကို လွယ်ကူချော့မွေ့စေမယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်မယ်လို့လည်း ပြောပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မရှိမဖြစ် လိုအပ်သလားလို့ မေးမြန်းရာမှာတော့ ဂူတာရက်စ်က “အာရက္ခတပ်တော်ဟာ ကျနော်တို့ နေထိုင်ရာ လက်တွေ့ဘဝ” ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က AA နဲ့ ဆက်ဆံရေးမှာ ခက်ခဲခဲ့ကြောင်း သူက ဝန်ခံခဲ့ပေမယ့် “လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ရမှာဖြစ်ကြောင်း၊ AA နဲ့ ထိတွေ့ဆက်ဆံဖို့က အရေးကြီးကြောင်း” ဂူတာရက်စ်က ဆိုပါတယ်။

မတ်လ ၁၅ ရက်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒါကာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြား (ဓာတ်ပုံ MUNIR UZ ZAMAN / AFP)

“တိုက်ပွဲတွေ ချုပ်ငြိမ်းပြီး ဒီမိုကရေစီလမ်းကြောင်းကို နောက်ဆုံးမှာ သွားတာသေချာဖို့ အိမ်နီးချင်းတွေ အားလုံးဆီက ဖိအားတွေ တိုးဖို့က မရှိမဖြစ် လိုအပ်ပါတယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးသင့် အရပ်သားတွေဆီ လူသားချင်း စာနာထောက်ထားမှု အကူအညီနဲ့ နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုတွေ လွယ်ကူချောမွေ့အောင် ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းတဲ့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights ရဲ့ ကြေညာချက် ထုတ်ပြန်မှုအပြီး ကုလသမဂ္ဂအကြီးအကဲက အခုလို မှတ်ချက်ပေးခဲ့တာပါ။

ရန်ပုံငွေပြတ်လတ်မှုကြောင့် ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ မြန်မာနိုင်ငံက လူတစ်သန်းအတွက် ပေးအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အကူအညီဖြတ်တောက်မှုတွေဟာ သူတို့ရဲ့ အကူအညီမရှိရင် စားနပ်ရိက္ခာမရှိတဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ပြည်နယ်က ပြည်တွင်းနေရပ်စွန့်ခွာရသူ တစ်သိန်းကျော်ကို ထိခိုက်စေမှာဖြစ်ကြောင်း သူကဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ ပြင်းထန်တဲ့ အငတ်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

မူရင်းသတင်း – UN considering humanitarian channel from Bangladesh to Myanmar

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို စစ်ရေးကူညီပေးနေသည့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မြန်မာပြည် လာဖို့ရှိ

အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံထားရတဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတ Mr. Alexander Gregoryevich ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။