အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁) ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းတွေမှာ ဒီနေ့ မတ်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အပတ်စဉ် (၁၁) အတွက် စစ်မှုထမ်းမယ့် အရေအတွက်ကိုတော့ တရားဝင်ထုတ်ပြန်လာခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်တပ်ရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေ ၅၀၀၀ အထိ စုဆောင်းသွားမှာဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိ အပတ်စဉ် (၁၁) အထိ အပတ်စဉ် တစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့  စုဆောင်မယ်ဆိုရင် စုစုပေါင်း လူဦးရေ ၅၅၀၀၀ အထိ စုဆောင်းထားနိုင်ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းရှိ စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၁) သို့ တက်ရောက်ကြမည့်သူများကို ကြိုဆိုနေစဉ် (ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

ဒါပေမယ့် CDM ပြုလုပ်လာတဲ့ စစ်တပ်အရာရှိတွေရဲ့ ပြောကြားချက်အရ အပတ်စဉ် တစ်ခုကို သတ်မှတ်ထားတဲ့ လူဦးရေ ၅၀၀၀ မပြည့်ဘဲ အချိန်မီ သင်တန်းဆင်းပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပို့ဆောင်နေရတယ်လို့ သိရပါတယ်။

တပ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအတွက် နိုင်ငံတစ်ဝန်း သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး လူငယ်လူရွယ်တွေအပေါ် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခဲ့မှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ စတင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၀ ခုအတွင်း အရပ်သားလူငယ် ၁၂,၆၅၅ ယောက်ကို  အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတချို့ရဲ့ သုတေသန အစီရင်ခံစာတွေအရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် (၁၀)အထိ လူဦးရေ ၁၅၀၀၀ လောက်ကို အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့တာဖြစ်ပြီး  ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့တာကြောင့် တရားမဝင် စစ်မှုထမ်းဥပဒေအသက်ဝင်မှုဟာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့အဝင်က စစ်တပ်ဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ယောက် ပျောက်ဆုံးကာ (၂၂၅) ယောက် ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ယောက် ရှိပြီး စစ်သုံ့ပန်း (၁၀၂) ယောက် ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ်လ (၁၅) ရက်က စတင်တိုက်ခိုက် သိမ်းပိုက်ရာ အောက်တိုဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

အနောက်မန်ကျည်းကန် ပျူရွာကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်၊ စခန်းဘန်ကာ ၃ လုံးအထိ ရရှိပြီးမှ အကြမ်းဖက်စစ်ကူများကြောင့် ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကအနောက်မန်ကျည်းကန် ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စခန်းရလုဆဲဆဲအချိန် အကြမ်းဖက်စစ်ကူအင်အားတွေ တက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း အညာ​မြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။