တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ညောင်ဇင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ အင်အား ၇၀ ကျော်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို မတ်လ ၆ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၉ ရက်အတွင်းမှာလည်း ရန်တောင်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် စစ်ကြောင်း၊ ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့၊ T5Wings ဒရုန်းတပ်ဖွဲ့၊ DRAGON SQUAD DRONE FORCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြုပြီး စစ်ကြောင်းတွေ ဆက်လက်ထိုးလာနိုင်တာကြောင့် ပြည်သူတွေ စစ်ရေးသတိရှိပြီး အကြမ်းဖက်စစ်တပ်နဲ့ ဝေးရာမှာ နေထိုင်ကြဖို့ ဒေါင်းညီနောင် စစ်ကြောင်းက အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းက စိတ်ဝေဒနာရှင် ၁ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်သတ်ကာ စွန့်ပစ်ထားခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

PDF တွေရဲ့သတင်း စုံစမ်းနေတဲ့ ရဲဒုတပ်ကြပ် ၂ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ PDF တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲဒုတပ်ကြပ်၂ ယောက်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့​ရတယ်လို့ Tamar Myay Special Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မှာ BLDF နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတုန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားလူငယ်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
Read More

ဝေဟင်မှ ဗုံးကြဲကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားသည့် မင်းအောင်လှိုင်က လေကြောင်းတိုက်ခိုက်မှု နိုင်ငံအနှံ့ လုပ်ဆောင်နိုင်နေပြီဟု ဂုဏ်ယူစွာ ပြောဆို

လေကြောင်းတိုက်ခိုက်ရေးကို မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံး ဖြန့်ကျက်ကာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်နေပြီလို့ လေကြောင်းတိုက်ခိုက်ကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။