စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

စစ်ကောင်စီဟာ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကို မနေ့က မတ်လ ၁၆ ရက် ညပိုင်းမှာ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

သေဆုံးသူတွေဟာ ၆လသားအရွယ် ကလေးငယ် ၁ယောက်၊ အသက် ၈၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက်၊ အသက် ၈၂ နှစ်အရွယ် အမျိုးသား ၁ယောက်နဲ့ အသက် ၃၀ ကျော်အမျိုးသမီး ၁ယောက် ဖြစ်တယ်လို့ သိရပါတယ်။ 

“စစ်ပွဲဖြစ်နေတာလည်း မရှိပါဘူး။ သက်သက်ကြီးကို ဗုံးလာကြဲချသွားတာ၊ အိမ် ၁ အိမ်ထဲကို ကျတာတော့ မဟုတ်ဘူးပေါ့ဗျာ…ဟိုဘက် ဒီဘက်တွေပါ အကုန်မှန်ကုန်တာ၊ ဗုံးသီးက ၂လုံးချသွားတာပါ” လို့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီက တံတားဦးလေတပ်ကနေ ဂျက်ဖိုင်တာနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ထက် တိုးမြှင့်လုပ်ဆောင်လာနေတာကြောင့် သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့အသီးသီးကနေ လေကြောင်းရန်ကာကွယ်ရေးအတွက် သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာနေသည့် စစ်ရှောင်လမ်းကို ရွှေဘို ပကဖ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ဘုတလင်မှာ မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန် ) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့်အဖြစ် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်သမိုင်းကြောင်း ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုင်းအဆင့်ရဲမှူးပါ ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ ကား ၁စီး ပျက်စီးကာ ကျန်တဲ့ကား ၃ စီးဖြင့် ဒဏ်ရာရသူများကို တင်ဆောင်ထွက်ပြေးသွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မင်းတုန်းမြို့ဘက်ကနေ ဝန်တွင်းကျေးရွာဘက်ဆီ မောင်းနှင်လာတဲ့ တိုင်းအဆင့် ရဲမှူးပါတဲ့ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။