ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မတ်လ(၁၅)ရက်မှာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေဖြစ်တဲ့ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ရဲဇာနည်ကျော် (ခ) ဇာနည်နဲ့ ရဲဘော် လင်းလင်း(ခ) မင်းမွန်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုကို လေးစားစွာ ဦးညွှတ်သလို မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးလမ်းကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြု​ကြောင်း ရေးပြောက်ကျားတပ်(YGF) က ဆိုပါတယ်။

ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့လည်း ကျဆုံးရဲဘော်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုအတွက် ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် စကားပြောစက်များ NUG ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်းရှိ ပညာရေးစာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဆက်သွယ်ရေး ICON စက်တွေ ဝယ်ယူဖို့ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခလရ (၂၃၅) မှ အဓမ္မစစ်မှုထမ်း တပ်သား ၅ ဦး နွားထိုးကြီး PDF ဆီ လက်နက်နှင့်တကွ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း - Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွေဦးဖွံ့ဖြိုးရေးဘဏ် အသုံးပြုသူတွေက ရေဘေးသင့် ပြည်သူတွေအတွက် ထပ်မံရရှိတဲ့ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အထိ ရှိလာ

လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူတွေက ကျပ်သိန်း ၈၀၀ အထိ ထပ်မံလှူဒါန်းထားတယ်လို့ SDB က ထုတ်ပြန်ထားပါတယ်။