ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံမှာ မတ်လ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းထံက သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေ၊ ဒရုန်းတွေအသုံးပြုပြီး ပစ်ကူပေးခဲ့တယ်လို့ သိပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ် ရာရရှိသွားကာ ဒဏ်ရာရရှိသူထဲက ၁ ယောက်ဟာ ဆေးကုသစဉ် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်က ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်ရှိ ခလရ ၇၃ လက်အောက်ခံ သပြေညွန့်စခန်း သိမ်းတိုက်ပွဲကို အာဠာဝကစစ်ကြောင်းက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး ဖြူး-အုတ်ဖြတ်လမ်းမကို တော်လှန်ရေးတပ်တွေက ၂ ရက်တာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)
Read More

ကော့ကရိတ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force-FRF အဖွဲ့က သြဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သံမိုးတောင်ကျေးရွာမှာ နေအိမ်နဲ့ ဘာသာရေးကျောင်းဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။