မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ညောင်ဂျစ်ပင်ကျေးရွာက ပျူစောထီးစခန်းကို မတ်လ ၁၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရော့ကတ်လက်နက်ကြီး ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ လက်နက်ကြီး ၇ လုံးဟာ စစ်ကောင်စီတပ်ဖွဲ့ရှိရာ အဆောက်အဦးတွေနဲ့ ကာကင်းတွေနား ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုတွေရှိကာ အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို နယ်မြေခံ ပကဖ တွေ၊ မြိုင် ပကဖ၊ ဘာမထီ လက်နက်ကြီးပြောက်ကျား တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု၊ Black Cobra Force Pakokku နဲ့ ကမ္မတပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကလည်း မြိုင်မြို့နယ်၊ တွင်းမကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးစခန်းကို RC Plane ၃ စီးနဲ့ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့သောင်းနှင့် ခမောက်ကြီးတွင် ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

တနင်္သာရီတိုင်း၊ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်မှာ ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံတစ်ပုံပင် မရှိတော့ကြောင်း မြေပြင်အချက်အလက်များက ဖော်ပြနေဟု NUG ယာယီသမ္မတ ပြောကြား၊ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတလျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်စိုးမိုးနိုင်မှုက လေးပုံတစ်ပုံတောင် မရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ရိုးရာ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ အမည်ခံ ခြိမ်းခြောက် ငွေလိမ်နေသူများကို ထိရောက်စွာ အရေးယူမည်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမတိုင်ခင်ညမှာ မြဝတီမြို့ပေါ် ပေါက်ကွဲမှုများ ဖြစ်ပွား

"မြဝတီဈေးရှေ့က ကြံ့ဖွတ်ရုံးရှေ့ပေါက်တော့၊ ရုံးနားက ကလေးမလေးတစ်ယောက် အစမှန်ပြီး ဆေးရုံးပို့လိုက်ရတယ်၊ ဗုံးနဲ့ပစ်တာလား မိုင်း လားဆိုတာက‌တော့ ကျနော်တို့လည်း တိတိကျကျတော့ မသိရသေးဘူး၊ ကွဲတဲ့အသံကတော့ အကျယ်ကြီးပဲလို့ " လို့ မြဝတီနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။