96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 

96 Soldiers PDF အနေနဲ့ လုံခြုံရေးအရ စစ်ဆင်ရေးသတင်းတွေ မမျှဝေရတဲ့အပေါ် တော်လှန်ပြည်သူတွေ နားလည်ပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် AA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ် အများအပြား သေဆုံးပြီး စစ်ကြောင်းပြန်ဆုတ်၊ ရှမ်းမြောက်ထိုးစစ်မှာ အနိုင်ရခဲ့သည့် စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့များ AA ၏ ခုခံစစ်အတွင်း အလူးအလဲ ခံရပြီး ခွေးပြေးဝက်ပြေး ပြေးနေရဟု AA ပြော

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က သေဆုံးမှုများခဲ့သလို စစ်တပ်ဆီက လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သား ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

၂၀၂၆ ခုနှစ်အစတွင် အဆင့်မြင့်ပညာကျောင်းနှင့် ဆေးတက္ကသိုလ်များကို ဖွင့်လှစ်ရန် စီစဉ်နေဟု ဒေါက်တာဇော်ဝေစိုးပြော

“အခုဆိုရင် မြေပြင်ပညာရေးဝန်ကြီးရုံး ၊ မြေပြင်ကျန်းမာရေးဝန်ကြီးရုံး ရှိပါတယ်။ တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အကောင်အထည်ဖော်မှုတွေကို မြေပြင်မှာရှိတဲ့ဆရာ၊ ဆရာမတွေ၊ မြေပြင်မှာရှိတဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ တော်လှန်ရေးအစကတည်းက အခုချိန်ထိပေးနေတဲ့ CDM ဆရာ ၊ဆရာမတွေ အင်အားစုတွေ့နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ဖြစ်တယ်.. တိုင်ပင်တယ်၊ ကျနော်တို့ရဲ့ လွတ်မြောက်ဒေသမှာရှိနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးကျန်းမာရေး ၊ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ ဒေါက်တာဇော်ဝေစိုးက ဆက်ပြောပါတယ်။
Read More

ဖားကန့်မှာ စစ်ရေးတင်းမာနေလို့ စာသင်ကျောင်းများ ပိတ်ထားရ…

“အဲဒီကျောင်းက ဖားကန့်မြို့လည်ခေါင်မှာ ရှိတာ၊ ကျောင်းက အခုမှ ပိတ်တာပါ၊ အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဖွင့်နေတာ၊ အခုမှပဲ ပိတ်တာ၊ ပိတ်တယ်ဆိုတာကလည်း ယာယီပိတ်တာပါ၊ အစိုးရကျောင်း အပြီးပိတ်တာ မဟုတ်ပါဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းမှု မအောင်မြင်ဘဲ ပြီးဆုံး၊ နှစ်ဖက်တပ်များ ရောက်သည့်နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်အားလုံး ရပ်စဲဖို့ TNLA တောင်းဆို

တရုတ်အစိုးရရဲ့ ဖိအားပေးစီစဥ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။