အခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ် ကျူးလွန်မှုတွေကို နိုင်ငံတကာကနေ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မနေ့က မတ်လ ၁၆ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် (၂) ပါး၊ အသက် (၁၈) နှစ်အောက် ကိုရင် (၅) ပါး၊ အရပ်သား ပြည်သူ အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၂) ယောက်၊ စုစုပေါင်း (၁၀) ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နောင်ချိုတိုက်ခိုက်မှု  မတိုင်ခင် (၂) ရက်အလို မတ်လ (၁၄) ရက်နေ့ ညနေပိုင်းကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာစျေးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် (၄) လသား ကလေးသူငယ် တစ်ယောက်အပါအဝင် ကလေးသူငယ် စုစုပေါင်း (၆) ယောက်နဲ့ အရပ်သားပြည်သူ (၂၁) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေဟာ  အများပြည်သူသွားလာနေတဲ့  ဈေးနဲ့ သာသနိက အဆောက်အဦးတွေကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ NUG MoHR)

စစ်ကောင်စီအနေနဲ့  အများပြည်သူဆိုင်ရာနေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို မဟာဗျူဟာ တစ်ရပ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတယ်လို့လည်း NUG က ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်နေ့အထိ  မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ  အရပ်သားပြည်သူ ဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း (၃၇၂) ယောက်အထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

အများပြည်သူဆိုင်ရာ နေရာတွေကို တိုက်ခိုက်မှုနဲ့  ကလေးသူငယ်တွေအပေါ် ထိခိုက်သေကြေစေမှုတွေဟာ  နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) ကနေ တားမြစ်ထားတဲ့ အချက်တွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို ကာကွယ်ပေးရမယ့် အချက်တွေကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်တွေအပေါ် ကြီးမားတဲ့ ကျူးလွန်မှု (၆) မျိုးမှာ ပါဝင်တဲ့ ကလေးသူငယ်တွေကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုတဲ့ အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ NUG MoHR)

လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် နိုင်ငံတကာစံချိန် စံနှုန်းတွေ၊ နိုင်ငံတကာစာချုပ်တွေကို ပြင်းထန်စွာချိုးဖောက်နေတဲ့  အကြမ်းဖက် စစ်အုပ်စုကို  နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားတွေနဲ့ နိုင်ငံတကာ တရားစီရင်မှုယန္တရားတွေကနေ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြဖို့ NUG က တိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် တစ်ယောက်သေ

ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေထဲက အောင်ပွဲရခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို Force for Federal Democracy ထုတ်ပြန်ဖော်ပြ… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ Force for Federal Democracy - FFD နဲ့ ပူးပေါင်း Drone အဖွဲ့တွေရဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေက အောင်ပွဲအချို့ရဲ့ မှတ်တမ်းပုံရိပ်တွေကို FFD က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောကျွဲအင်းမြို့အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို PDF များတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် အယောက် ၅၀ ကျော် သေဆုံး

စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲ အင်းမြို့  အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို PDF တွေ တိုက်ခိုက်သိမ်းပိုက် ခဲ့တာကြောင့် စစ်အုပ်စုဘက်က အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။