ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အပိုင်ထဲက ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် လမ်းခရီးသွားလာခွင့် ခေတ္တတားမြစ်ပိတ်ထားကြောင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။ 

ခရီးသွားလာခွင့်ကို ဒီနေ့ မတ်လ ၁၆ ရက်မှာ စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး မော်တော်ယာဉ်၊ သုံးဘီး၊ ကျွဲ၊ နွားတွေပါ သွားလာခွင့် ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ကတော့ “ယခုလို တားမြစ်ချက် ထုတ်ပြန်ရခြင်းသည် စစ်ဆင်ရေးများကြား ပြည်သူများ မထိခိုက်စေရန်နှင့် သစ်တော သယံဇာတများအား ခိုးထုတ်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြရန် အသိပေးအပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအတွက် ဝင်ငွေ ရှာဖွေပေးနေတဲ့ သစ်ခိုးထုတ်မှုတွေကိုလည်း ဖမ်းဆီးအရေးယူနေပြီး တပ်ဖွဲ့အနေနဲ့ ဂိတ်ကြေး (ဆက်ကြေး)  ကောက်ခံတာတွေ၊ သစ်ခိုးထုတ်တာတွေကို လုံးဝလုပ်ဆောင်နေခြင်း မရှိသလို လုပ်ဆောင်နေတဲ့ တခြားတော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း လက်မခံကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်မှာ စစ်မှုထမ်းရန် လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ မြွေကြီးတွင်းရွာမှာ နေထိုင်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး အမျိုးသားကို ရှင်းလင်းလိုက်တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သိရပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှာ အဆိုပါ အုပ်ချုပ်ရေးမှူး နေထိုင်ရာ နေအိမ်အထိ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

အပစ်ရပ်ကာလအတွင်း နောင်ချိုတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ် ရှိနေ

အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြအနေနဲ့ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ပြည်တွင်းဘဏ် ၁၅ ခုကို ကျပ်ဘီလီယံ ၁၅၀ ထုတ်ပေးမှုက ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်

SME လုပ်ငန်းတွေကို ငွေချေးဖို့ဆိုကာ ပြည်တွင်းကဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ကို ငွေဖြည့်ပေးလိုက်တာကြောင့် ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော်၊ အမှတ် (၂၁၀၅) တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့

ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။