ပဲခူးတိိုင်း၊ ကျောက််တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်ကို  ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ၃ယောက်ထိိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။

မတ်လ ၁၅ရက်၊ မနေ့က မနက်အစောပိုင်းမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁မိုင် အနီးကဆင်ဇလုပ်စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ရင်း ၄၅မိနစ်ကြာ အပြန်အလှန်ထိတွေ့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“အမြန်လမ်းက စက္ကန့် ၃၀ တစ်ခါခြားပြီး ကားတစ်စီးနှုန်းဖြတ်နေတော့ စစ်ရေးမစ်ရှင်ဖော်ဆောင်ဖို့ ခက်ခဲတာတွေ ရှိခဲ့တယ်” လို့ ၃၇၀၁ ဒုရင်းမှူး မင်းခေါင်ကလည်း ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ်(၂၂) ဗျူဟာ ၃၇၀၁ (ဒု.တပ်ရင်း အထူးစစ်ဆင်ရေးအဖွဲ့)နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ ခွဲ၂တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ သတ်မှတ်နေရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ ဆင်ဇလုပ်ဂိတ်ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ထန်းတပင်မှာ အများပြည်သူ အိပ်မောကျနေချိန် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၅)ရက်မှာ ပြုလုပ်ခဲ့ ကျင်းပခဲ့ပါသည်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်အလိုကျ ပြည်သူကို ပေါ်တာဆွဲကူနေသည့် ပျော်ဘွယ်နယ်က ရပ်ကျေးဥက္ကဌ ပစ်ခတ်ရှင်းလင်းခံရ

စစ်ကော်မရှင်အလိုကျ ပြည်သူတွေကို ပေါ်တာဆွဲကူပေးနေတဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ထဲက ရပ်ကျေးဥက္ကဌတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်PDFအဖွဲ့ဆီက သိရပါတယ်။ တောင်ကျောင်းကျေးရွာမှာ ရပ်ကျေးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသောင်းဝင်း(ခေါ်) ဦးသန်းဝင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။
Read More

မြိုင်မြို့နယ် ဗဟင်းရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲချ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ပိုင်း၊ ဗဟင်းရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။