စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေအပေါ် ဆိုးရွားစွာ အစုလိုက်သတ်ဖြတ်တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက  ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦး၊ လူနေအိမ် အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ အစုလိုက်သတ်ဖြတ်တာတွေကို ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာပဲ  စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာက အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုဟာ ဆိုးရွားရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ရှုတ်ချကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ဆိုပါတယ်။ 

မတ် ၁၄ ရက် နေ့လယ် ၃ နာရီခန့်က မန္တလေးဒေသ၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက ဈေးဆိုင်တန်းပေါ်ကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ဆိုးရွားပြင်းထန်တဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

လက်ပံလှတိုက်ခိုက်မှုအတွင်း ကလေးငယ် (၆) ယောက် အပါအဝင် အပြစ်မဲ့ပြည်သူ (၂၇) ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း (၃၀) ခန့် ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

ရေဦးက စစ်ဘေးမီးဘေးသင့် ပြည်သူတွေကို စောင်ခြုံတွေ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်ဘေးသင့် မီးဘေးသင့် ပြည်သူတွေကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နဲ့ "ကြယ်ငါးကောက်သူများအဖွဲ့" တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ "ဒီပဲယင်းမြိုနယ်ညီနောင်များ" ရဲ့ကိုယ်စား ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) တို့အဖွဲ့က အနွေးခြုံစောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဒေသခံတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ လာရောက်အပ်နှံ…

တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီ လာရောက်အပ်နှံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Urban Task Force Aung Ban – UTF က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ၊ တပ်ခွဲ ၂ ၊ Urban Task Force Aung Ban က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ခွဲက ထုတ်ပြန်ဖော်ပြထားပါတယ်။