၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူနေအိမ် (၁၅) လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက မတ်လ ၁၆ ရက် ဒီနေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 

မိုးဗြဲမြို့အတွင်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရပ်ကွက်တွေထဲကို စစ်ကောင်စီက နေ့စဉ် ဒရုန်းနဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီဟာ မိုးဗြဲမြို့အတွင်း ဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းတွေ ထိုးစစ်ဆင်နေပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ မိုးဗြဲမြို့အနီးဝန်းကျင်မှာ သတိပြုသွားလာကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို ဒီနေ့စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်ပြက္ခဒိန်မှာ နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းပုရုပ်ထုကို ရွေးချယ်ထည့်သွင်း (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ်ပြက္ခဒိန်မှာ နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းထုရုပ်ထုကို ရွေးချယ်ထည့်သွင်းထားတယ်လို့ ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။