VOA နဲ့ RFA သတင်းဌာနတွေအပါအ၀င် အမေရိကန်အစိုးရ လက်အောက်ရှိ သတင်းဌာနတချို့ရဲ့ လုပ်ငန်းတွေလျှော့ချဖို့  ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့်  သတင်းထုတ်လွှင့်မှုမှာအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သမ္မတ ထရမ့်က အမေရိကန် ကမ္ဘာ့မီဒီယာဌာန (USAGM) အပါအဝင် အေဂျင်စီ ၇ ခု လုပ်ငန်းတွေလျှော့ချရဖို့ လက်မှတ်ထိုးညွှန်ကြားချက်ကြောင့် ဒီနေ့ မတ်လ ၁၆ ရက်မနက်ပိုင်းက စတင်ပြီး VOA နဲ့ RFA တို့ရဲ့ Live ထုတ်လွှင့်မှုတချို့ ရပ်နားမှုတွေ ရှိခဲ့ပါတယ်။ 

အမေရိကန်  သမ္မတ ထရမ့်က ပြီးခဲ့တဲ့  မတ်လ ၁၄ ရက်မှာ အခုလို ညွှန်ကြားလိုက်တာဖြစ်ပြီး မလိုအပ်တဲ့ အစိုးရလုပ်ငန်း ဗျူရိုကရေစီယန္တရားတွေ ဆက်လက်လျှော့ချ/ဖယ်ရှားဖို့ ဥပဒေအရလိုအပ်ရင် လုပ်ငန်းတွေမှာ ဝန်ထမ်းအနည်းဆုံးအထိ လျှော့ချဖို့ ညွှန်ကြားလိုက်ပါတယ်။

ကန်သမ္မတထရန့်ရဲ့ ဒီအမိန့်အသစ်ဟာ VOA ၊ RFA သတင်းဌာနတွေ အပါအဝင် အစိုးရ အေဂျင်စီဌာနတချို့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီနေ့မတ်လ ၁၆ ရက်မနက်ပိုင်းကစလို့ သတင်းဌာနတချို့က အယ်ဒီတာနဲ့ သတင်းထောက်တွေကို လုပ်ငန်းခွင် လာရောက်ဖို့ မလိုအပ်တော့ကြောင်း သက်ဆိုင်ရာဌာနတွေက E-mail ပို့ပြီး အကြောင်းကြားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

VOA အပါအဝင် သတင်းလုပ်ငန်းပေါင်း ၆ ခုကို ကြီးကြပ်တဲ့ USAGM ဟာ ကမ္ဘာတဝန်း ဘာသာစကားစုစုပေါင်း ၆၄ မျိုးနဲ့ ရုပ်သံထုတ်လွှင့်နေတာဖြစ်ပါတယ်။

VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင်အေဂျင်စီကြီးဖြစ်တဲ့  USAGM လုပ်ငန်းအပြင် လုပ်ငန်းနဲ့ ဝန်ထမ်းတွေ လျှော့ချဖို့ သမ္မတ Trump အမိန့်ထုတ်ခဲ့တဲ့ နောက်ထပ်ဌာနတွေကတော့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနဲ့ အလုပ်သမားရေး ဖြေရှင်းဆောင်ရွက်ပေးရေးဌာနဖြစ်တဲ့ Federal Mediation and Conciliation Service ၊ အိုးမဲ့အိမ်မဲ့တွေအတွက်ဌာန US Interagency Council on Homelessness ၊ လူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန The minority Business Development Agency ၊ ပြတိုက်နှင့်စာကြည့်တိုက်များဌာန၊ ပညာရှင်နှင့် သုတေသနဌာန ၊ Woodrow Wilson International Center စတဲ့ ပြည်ထောင်စုအစိုးရဌာနတွေ ပါဝင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အစ္စရေးက Rising Lion စစ်ဆင်ရေး အမည်ဖြင့် အီရန်ကို စတင်တိုက်ခိုက်၊ နျူကလီးယားပစ်မှတ်များနှင့် အဝေးပစ်ဒုံးကျည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ဆို

အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုသည်ဟု အတည်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက် အသိအမှတ်ပြုကြောင်း နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကတဆင့် အတည်ပြုခဲ့ပါတယ်။
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကွပ်မျက်မှုဟာ ကြီရလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုကို ကျူးလွန်လိုက်ခြင်းဟု IIMM သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ သတိပေး

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက အဆင့်ဆင့်ခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အလျင်စလို အသိအမှတ်ပြုတာမျိုး၊ တရားဝင်မှု ပေးအပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတိပေးပြောကြားလိုက်ပါတယ်။