ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 

နေပြည်တော်၊ ရန်ကုန်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီက နောက်ဆုံး ခြောက်လ အတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ကာလတွေထက်  ၆ဆအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ  အရပ်သားတိုက်ခိုက်ခံရမှုတွေ ဟာ စစ်ရေးပစ်မှတ်ဖြစ်စဉ်ထက် ပိုမိုများပြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။  

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၁) မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ထိ ၆ လတာ ကောက်ယူထားသည့် အချက်အလက်များ (ဓာတ်ပုံ PMCSG)

စစ်ကောင်စီက (၆)လတာကာလအတွင်း စစ်ရေးပစ်မှတ်ဖြစ်တဲ့ နေရာ ၁၀၀ ကျော်လောက်ကို တိုက်ခိုက်ခဲ့ပြီး အရပ်သားပစ်မှတ် ၅၀၀ ကျော်ကို အဓိက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မကွေးတို့လို တော်လှန်ရေးအင်အားစုတွေ အားကောင်တဲ့ နေရာတွေမှာလည်း စစ်ကောင်စီက ပြည်သူလူထုပစ်မှတ်ထားပြီး လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ သိရပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း ၂၀၂၅ မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ဟာ ပိုမိုအားကောင်းလာနိုင်တာကြောင့် လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုလိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

မောင်တော နခခ (၅) စခန်းကို လှိုဏ်ခေါင်းတူးကာ နှစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ AA ရဲ့ မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ - နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။