မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၆ရက် ဒီနေ့မနက်ပိုင်းမှာ မြေတော်ရွာအတွင်းပြန်လည်ဝင်ရောက်ခဲ့တဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဦးခေါင်းပြတ်ဒဏ်ရာနဲ့အတူ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းတစ်ခုကို ရှာတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

“မြေတော်ရွာထဲ ဒီနေ့တွေ့တာ ဘယ်သူ ဘယ်ဝါမသိရသေးဘူး။ တွေ့ထားတာ တစ်လောင်းတည်းပါ” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မတ်လ ၁၄ ရက်နေ့၊ မနက်စောစောမှာ မြေတော်ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ၂ ရက် ဆက်တိုက်အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီးရင်း စစ်ရှောင်နေရတဲ့ အရပ်သားတွေရဲ့တန်ဖိုးရှိပစ္စည်းတွေကို စိတ်ကြိုက် ခိုးယူသယ်ဆောင်နေခဲ့ကြတာလို့ သိရပါတယ်။

ဒါ့အပြင် မြေတော်ရွာ ဘုန်းကြီးကျောင်းက ဝတ္ထုငွေတွေကိုလည်း လုယက်ယူဆောင်သွားတယ်လို့ ရေစကြိုသတင်း အချက်အလက်ကော်မတီက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလမ်းရာတစ်လျှောက်ကို ရေစကြို၊ ရေလယ်ကျွန်းဒေသနေ မင်းရွာ ပြည်သူ့စစ်တွေက လမ်းရှင်းပေးခဲ့သလို စစ်ကြောင်းနဲ့အတူ ခိုးယူခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ထော်လာဂျီနဲ့သယ်ဆောင်တာ၊ စစ်ရှောင်ကျေးရွာတွေထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ဝင်ရောက်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြေတော်ကျေးရွာအပြင် ဆည်သစ်မြင်၊ မြေစွန်း၊  ညောင်မွှေးပင်၊ ဘိစပ်ကုန်း၊ နေရင်းနဲ့ ပေါက်တောစတဲ့ ရွာတွေမှာလည်း စစ်ဘေးတိမ်းရှောင်နေရတာကြောင့် ကျေးရွာတွေထဲက ပစ္စည်းဥစ္စာနဲ့ စားနပ်ရိက္ခာတွေကို စစ်အုပ်စုက ရွာစဥ်လှည့်ခိုးယူရင်း စခန်းချရာ မင်းရွာဆီ ပြန်လည်သယ်ဆောင်နေခဲ့တာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

ပခုက္ကူတပ်မ ၁၀၁ တပ်ရင်းအပါအဝင် ရေစကြို ၂၅၆/၂၅၇/၂၅၈ တပ်ရင်းတွေက အကြမ်းဖက်စစ်အုပ်စုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့ကတည်းက ရေစကြိုမြို့နယ်ကို စတင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အရပ်သားတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်မီးရှို့သတ်ဖြတ်တာအပြင် နေအိမ်တွေကိုလည်း စိတ်ကြိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း မြေစွန်းတော်၊ ဇရပ်နီ၊ သာဂေါင်လေး၊ သာ​ဂေါင်ကြီးအပြင် ရေလယ်ကျွန်းဒေသ ကျေးရွာတွေနဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ပန်းညိုကျေးရွာတွေအထိ စစ်အုပ်စုက ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ဒီဒေသတွေကို စကစ က လုံးဝ အုပ်ချုပ်နိုင်စွမ်း မရှိပါဘူး။ သူတို့မစိုးမိုး မအုပ်ချုပ်နိုင်တဲ့ဒေသမို့ အငြိုးတကြီးနဲ့ အခုလို လုပ်နေတာပါ။ ဒီကောင်တွေယုတ်မာတာကတော့ ပြောစရာ စကားလုံးကို ရှာမရတော့ဘူး၊ လူစိတ်ကို ပျောက်နေကြတာ၊ အခုဆိုရွာသူ ရွာသားတွေ ကလေးငယ်လေးတွေ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်နေကြတယ်။ တုန်လှုပ်ခြောက်ခြားနေကြတယ်။ မမြင်ရက်စရာပါပဲ။” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

 

 

မြေတော်ကျေးရွာအတွင်း တွေ့ရှိရသည့် ရုပ်အလောင်းနှင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ (ဓာတ်ပုံ  CJ)

0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် KNDF တပ်ရင်းအမှတ် (၃၄) မှ ရဲဘော် ခူးမီရယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၃၄)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျားဖြန့်ကို စစ်တပ်နှင့် ပူးပေါင်းဖြိုခွင်းခြင်းက ပြဿနာ အရင်းခံကို မဖြေရှင်းနိုင်ဘဲ ပိုမိုဆိုးဝါးစေဟု KNU ပြော.. နိုင်ငံတကာ ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းများတွင် KNU ပူးပေါင်းဆောင်ရွက်ရန် ကတိပြု..

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဒေသတွင်း အလျင်အမြန် ပျံ့နှံ့လာနေတဲ့ နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သတိထား နီးစပ်စွာ စောင့်ကြည့်နေခဲ့ပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့ပေါ်က စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း၊ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။