စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ရက်နေ့က မော်လိုက်အကျဥ်းထောင်မှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဆန္ဒပြမှုကို အကျဥ်းထောင်အာဏာပိုင်တွေက အကျဥ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ​ဖြေရှင်းခြင်းမရှိဘဲ လက်နက်အင်အားသုံးကာ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြိုခွင်းမှုအတွင်း ဦးဆောင်ဆန္ဒပြသူ Chin National Defense Force (CNDF) စခန်းမှူးတာဝန်ခံဖြစ်ခဲ့သူ  ဗန်ဒိမ်း အပါအဝင် နိုင်ငံရေးအကျဥ်းသား ​​ ၉ယောက်ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်အထိ ရှိခဲ့ကြောင်းသိရပါတယ်။

“ဖြစ်စဥ်က ၉ယောက်သေတယ် သိရတယ်ပေါ့။ ဒါတောင် ချက်ချင်းသေတာ မဟုတ်ဘူး။ ဆေးကုသခွင့်မပေးဘဲ ရက်ရက်စက်စက် နှိပ်စက်ခံရတာပါ။ ကိုဗန်ဒိမ်းဟာလည်း သေနတ်ကျည်ထိ​ပေမယ့် ချက်ချင်းမသေတာကို လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေသွားတာပါ။ ၉ယောက်အပြင် ကျနော်တို့လက်လှမ်းမမှီတာတွေလည်း ရှိနိုင်ပါတယ်။” လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မောင်းကိုပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက် လည်ပတ်နေတဲ့ အကျဥ်းဦးစီးဌာနရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်လိုတာကြောင့် စစ်အာဏာရှင်အစိုးရ အသိအမှတ်မပြုရေး၊ ပြည်သူများနှင့်ပူးပေါင်းရေး၊ CDM လှုပ်ရှားမှု ထောက်​ခံရေးစတဲ့ တောင်းဆိုချက်၃ခုနဲ့အတူ ဆန္ဒပြခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဖြိုခွင်းမှုအပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့အကျဥ်းသားတွေကို အာဏာပိုင်တွေက တိုက်ပိတ်အရေးယူတာတွေရှိခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

စစ်ကောင်စီကတော့ (၃-၁၅) ဖြစ်စဥ်ဟာ အကျဥ်းထောင် ဆူပူမှုဖြစ်ကြောင်းနဲ့ အကျဥ်းသားတွေက ဝန်ထမ်းတွေကို ဓားစာခံလုပ်ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရတာဖြစ်ကြောင်း ဝါဒဖြန့်လိမ်လည်ဖြေရှင်းခဲ့ပါတယ်။

“ဒီဖြစ်စဥ်ဟာ လက်နက်မဲ့အကျဥ်းသားတွေအပေါ် ထားရမယ့် ကျင့်ဝတ်တွေကို လိုက်နာခြင်းမရှိဘဲ လက်နက်နဲ့ ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းခဲ့တာပါ။ အခုလိုမျိုး လက်နက်မဲ့အကျဥ်းသားတွေကို ရက်ရက်စက်စက် ပြုမှုတာဟာ လုံဝလက်ခံလို့မရအောင်ဘဲ သမိုင်းမှာ အမည်းစက်ဖြစ်ခဲ့ပြီပြောချင်တယ်။ နောက်ပြီး ဒီဖြစ်စဥ်က ၃နှစ်ပြည့်ခဲ့ပြီဆိုတော့ အခုလိုပေးဆပ်ခဲ့သူတွေရဲ့ သမိုင်းမှတ်တမ်းတွေကို တန်ဖိုးထားပြီး မလွတ်မြောက်နိုင်သေးတဲ့ အကျယ်ထောင်က နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့လည်း အချင်းချင်း ပေးဆပ်စုစည်းစေချင်ပါတယ်” လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မောင်းကို ပြောခဲ့ပါတယ်။

ဒီဖြစ်စဥ်အပြီး မော်လိုက်အကျဥ်းထောင်၊ ထောင်ပိုင် ဦးကျော်သူအနေနဲ့ ရာထူးလျှော့ ပြောင်းရွှေ့ခံရပေမယ့်လည်း ဖြိုခွင်းရိုက်နှက်ရာမှာ ပါဝင်ခဲ့တဲ့ ထောင်ဝန်ထမ်း ၅ ယောက်ကတော့ ပုံမှန်အတိုင်း ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။
Read More

ထားဝယ်ခရိုင်စစ်သင်တန်းကျောင်းကနေ Dawei Defense Team က ရဲဘော် (၂) ယောက် Sniper အပတ်စဉ် (၁) စစ်သင်တန်းဆင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၄ နယ်မြေ (ထားဝယ်ခရိုင်)စစ်ပညာသင်တန်းကျောင်းကနေ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Dawei Defense Team-DDT) က ရဲဘော် ၂ ယောက်ဟာ Sniper အပတ်စဉ် (၀၁/၂၀၂၄) သင်တန်းကို သင်ကြားတက်မြောက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို အခုလထဲမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Dawei Defense Team - DDT က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။