ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

မတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲဟာ ၁ နာရီနီးပါး အချိန်ကြာမြင့်ခဲ့ပြီး  စစ်ကောင်စီဘက်က လက်နက်ကြီး (၆၀၊ ၁၂၀) မမ နဲ့ ဒရုန်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့မှုအတွင်း PDF (၇၈၀၃) တပ်ရင်းရဲဘော်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား (၃)ယောက်ထဲက  (၁) ယောက်ဟာ ဆေးရုံမှာ ထပ်မံသေဆုံးတာကြောင့် စစ်ကောင်စီဘက်က စုစုပေါင်း(၇)ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မတ်လ ၈ရက်နေ့က ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အစပ်ရှိ ခလရ-၇၃ လက်အောက်ခံ သပြေညွန့်စခန်း တိုက်ပွဲမှာ အာဠာ၀ကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေဟာ ဖြူး-အုတ်ဖြတ်လမ်းမကို ၂ရက်တာ ထိန်းချုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနှင့် အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းရာ ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။