မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၆ရက် ဒီနေ့မနက်ပိုင်းမှာ မြေတော်ရွာအတွင်းပြန်လည်ဝင်ရောက်ခဲ့တဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဦးခေါင်းပြတ်ဒဏ်ရာနဲ့အတူ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းတစ်ခုကို ရှာတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

“မြေတော်ရွာထဲ ဒီနေ့တွေ့တာ ဘယ်သူ ဘယ်ဝါမသိရသေးဘူး။ တွေ့ထားတာ တစ်လောင်းတည်းပါ” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မတ်လ ၁၄ ရက်နေ့၊ မနက်စောစောမှာ မြေတော်ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ၂ ရက် ဆက်တိုက်အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီးရင်း စစ်ရှောင်နေရတဲ့ အရပ်သားတွေရဲ့တန်ဖိုးရှိပစ္စည်းတွေကို စိတ်ကြိုက် ခိုးယူသယ်ဆောင်နေခဲ့ကြတာလို့ သိရပါတယ်။

ဒါ့အပြင် မြေတော်ရွာ ဘုန်းကြီးကျောင်းက ဝတ္ထုငွေတွေကိုလည်း လုယက်ယူဆောင်သွားတယ်လို့ ရေစကြိုသတင်း အချက်အလက်ကော်မတီက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလမ်းရာတစ်လျှောက်ကို ရေစကြို၊ ရေလယ်ကျွန်းဒေသနေ မင်းရွာ ပြည်သူ့စစ်တွေက လမ်းရှင်းပေးခဲ့သလို စစ်ကြောင်းနဲ့အတူ ခိုးယူခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ထော်လာဂျီနဲ့သယ်ဆောင်တာ၊ စစ်ရှောင်ကျေးရွာတွေထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ဝင်ရောက်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြေတော်ကျေးရွာအပြင် ဆည်သစ်မြင်၊ မြေစွန်း၊  ညောင်မွှေးပင်၊ ဘိစပ်ကုန်း၊ နေရင်းနဲ့ ပေါက်တောစတဲ့ ရွာတွေမှာလည်း စစ်ဘေးတိမ်းရှောင်နေရတာကြောင့် ကျေးရွာတွေထဲက ပစ္စည်းဥစ္စာနဲ့ စားနပ်ရိက္ခာတွေကို စစ်အုပ်စုက ရွာစဥ်လှည့်ခိုးယူရင်း စခန်းချရာ မင်းရွာဆီ ပြန်လည်သယ်ဆောင်နေခဲ့တာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

ပခုက္ကူတပ်မ ၁၀၁ တပ်ရင်းအပါအဝင် ရေစကြို ၂၅၆/၂၅၇/၂၅၈ တပ်ရင်းတွေက အကြမ်းဖက်စစ်အုပ်စုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့ကတည်းက ရေစကြိုမြို့နယ်ကို စတင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အရပ်သားတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်မီးရှို့သတ်ဖြတ်တာအပြင် နေအိမ်တွေကိုလည်း စိတ်ကြိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း မြေစွန်းတော်၊ ဇရပ်နီ၊ သာဂေါင်လေး၊ သာ​ဂေါင်ကြီးအပြင် ရေလယ်ကျွန်းဒေသ ကျေးရွာတွေနဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ပန်းညိုကျေးရွာတွေအထိ စစ်အုပ်စုက ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ဒီဒေသတွေကို စကစ က လုံးဝ အုပ်ချုပ်နိုင်စွမ်း မရှိပါဘူး။ သူတို့မစိုးမိုး မအုပ်ချုပ်နိုင်တဲ့ဒေသမို့ အငြိုးတကြီးနဲ့ အခုလို လုပ်နေတာပါ။ ဒီကောင်တွေယုတ်မာတာကတော့ ပြောစရာ စကားလုံးကို ရှာမရတော့ဘူး၊ လူစိတ်ကို ပျောက်နေကြတာ၊ အခုဆိုရွာသူ ရွာသားတွေ ကလေးငယ်လေးတွေ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်နေကြတယ်။ တုန်လှုပ်ခြောက်ခြားနေကြတယ်။ မမြင်ရက်စရာပါပဲ။” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

 

 

မြေတော်ကျေးရွာအတွင်း တွေ့ရှိရသည့် ရုပ်အလောင်းနှင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ (ဓာတ်ပုံ  CJ)

0 Shares:
You May Also Like
Read More

ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကောင်စီတပ်ကက အရပ်သား ၅ ဦးကို ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။
Read More

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်အတွင်း ပျူရွာများနှင့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနထံက သိရပါတယ်။
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။